မတ် ၉၊ VOR
တအာင်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် PSLF/TNLA အမျိုးသမီးများအဖွဲ့မှ ဦးဆောင်ပြီး ယမန်နေ့ မတ်လ (၈)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ (International Women’s Day) အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
အခမ်းအနားတွင် PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ PSLF/TNLA အရာရှိအရာခံများနှင့် နမ့်ခမ်းမြို့နယ် ပြည်သူများ တက်ရောက်ခဲ့ရာ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ အမှာစကားပြောကြားခဲ့ပြီး၊ အမျိုးသမီးကော်မတီ ဗိုလ်ကြီးယေကာနှင့် နမ့်ခမ်းမြို့နယ်ရဲမှူး ဗိုလ်နောရိူရ်းတို့လည်း တက်ရောက် အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။။
နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၏ လုပ်ငန်းစဥ်နှင့် တအာင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အမျိုးသမီးများအပေါ်အကြမ်းဖက်ခံရမှုများအကြောင်း ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။
နိုင်ငံတကာအမျိုးသမီးများနေ့မှာ အမျိုးသမီးများ နိုင်ငံတကာအမျိုးသမီးများနေ့အကြောင်း သိရှိရန်၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုများ လျှော့နည်းလာစေရန်၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တောင်းဆိုတက်ပြီး အသုံးပြုတက်စေရန်နှင့် PSLF/TNLA အမျိုးသမီးဌာန၏ လုပ်ငန်းစဉ်များတွင် ပူပေါင်းပါဝင်လာစေရန်၊ ရပ်ရွာအတွင်း အကြမ်းဖက်ခံရသောအမျိုးသမီးများကို ရပ်ရွာအတွင်းရှိ အမျိုးသမီးအားလုံးဝိုင်းဝန်းကူညီနိုင်ရန်တို့ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အခမ်းအနားကို PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား အပါအဝင် အမျိုးသမီးအဖွဲ့ဝင်ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ အရာရှိအရာခံများ နှင့် နမ့်ခမ်းမြို့နယ် ပြည်သူလူထုများ စုစုပေါင်း (၅၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ