မတ် ၉၊ VOR
ဆီဆိုင်မြို့ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၁ လုံး ကျဲချသဖြင့် PNLA ရဲဘော်များ အဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး လက်နက်ကြီးနှင့်ဒရုန်းအသုံးပြုကာ မြို့ကို အချက်ပေါင်း ၁၀၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ မတ်လ ၈ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ဒရုန်းများကိုအသုံးပြုပြီး ပအိုဝ်းဒေသဆီဆိုင်မြို့ကို အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ ပစ်ခတ်တိုက်ခိုက်သည့်အနက် ဓာတုအဆိပ်ငွေ့ဗုံး ၁ လုံးကိုလည်း ဒရုန်းဖြင့် ဆီဆိုင်မြို့ကို ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီမှ ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံး ၁ လုံး ထပ်မံကျဲချတိုက်ခိုက်ခြင်းကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်အချို့ အဆိပ်သင့်မှုဖြစ်ခဲ့ပြီး အဆိပ်သင့်သည့် ရဲဘော်များသည် နှာခေါင်းသွေးယိုစီးခြင်း၊ အရေပြားယားယံခြင်း ၊ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနဲ့ အောက်စီဂျင်ကျခြင်းများကို ပုံစံတူ ခံစားခဲ့ရကြောင်း သိရသည်။
ထို့ပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် မြို့တွင်းရှိ ပြည်သူလူထု၏ နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။။
စစ်ကောင်စီမှ ဓာတုအဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများ တပ်ဖွဲ့ဝင်များကို ဆေးဝါးကုသပေးနေရဆဲဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီသည် မတ်လ ၆ ရက်နေ့တွင်လည်း ဆီဆိုင်မြို့ကို ဓာတုအဆိပ်ငွေ့ဗုံးကျဲချတိုက်ခိုက်ခဲ့ပြီး ယခုသည် ဆီဆိုင်မြို့ကို ၂ ကြိမ်မြောက် အဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယမန်နေ့တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ ဦးခွန်ထွန်း ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ် ၆ အိမ်ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်