မတ် ၈၊ VOR
ကချင်ပြည်နယ် လိုင်ဇာမြို့ ရှိ လူနေရပ်ကွက်အတွင်းသို့ ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ပစ်လွှတ် လိုက်သော လက်နက်ကြီး အမြောက်ကျည်ဆံ (၂) လုံး သည် လိုင်ဇာမြို့ တွင်မကျဘဲ တရုတ်-ကချင် နယ်စပ် လိုင်ဇာမြို့(တဘက်ကမ်း)အနီး တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲ ကာ လူနေအိမ် တစ်လုံး ထိခိုက်ကာ မီးလောင် ပျက်စီးသွားကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၇ရက်မှစတင်ကာ ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်အရှိန်မြှင့်တင်ပြီး စစ်ကောင်စီ တပ်စခန်း ၁၂ခုကို တပြိုင်နက်ဝင်တိုက်ရာ စစ်ကောင်စီတပ် အထိနာပြီး လူနေရပ်ကွက်များအထိ လက်နက်ကြီး လေကြောင်းမှ ပစ်ခတ်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ရင်း များမှ လက်နက်ကြီးများပစ်ခတ်သည့်အပြင် လေကြောင်းမှ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ် နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားသည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ