Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 16, 2026

ဟားခါးမြို့တွင် စစ်ကောင်စီအစိုးရရုံး လုံခြုံရေးယူထားသော ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ

ဟားခါးမြို့တွင် စစ်ကောင်စီအစိုးရရုံး လုံခြုံရေးယူထားသော ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ

မတ် ၈၊ VOR

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးတိုးတက်ရေးဦးစီး ဌာနရုံး လုံခြုံရေးယူထားသော ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း CDF-ဟားခါးက သတင်းထုတ်ပြန်သည်။

မတ်လ ၆ ရက်နေ့ ညပိုင်း ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးတိုးတက်ရေးဦးစီး ဌာနရုံးကို လုံခြုံ ရေးယူထားသော ရဲအုပ် ၁ ဦး အပါအဝင် ရဲတပ်သား ၅ ဦးကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ သေနတ် ၆ လက်နှင့် ခဲယမ်းများပါရရှိကြောင်း၊ ဖမ်းဆီးရရှိထားသော ရဲများကို ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

You may have missed