Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2026

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သင်တန်းပေးနေ

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သင်တန်းပေး

မတ် ၈၊ VOR

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်များကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သင်တန်းပေးနေပြီး ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သီဟ ကိုယ်တိုင်လာရောက်ကြည့်ရှု့ ကြီးကြပ်နေသည့် ရုပ်သံဖိုင် လူမှုကွန်ယက်တွင်ပျံ့နှံ့လာသည်။

စစ်ကောင်စီအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တရားရုံးတော်ရဲ့ ကြားကာလ ညွှန်ကြားချက်များကို မျက်ကွယ်ပြုပြီး ရိုဟင်ဂျာများကို လူသားဒိုင်းသဖွယ် အသုံးပြုနေခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး အရေးယူဖို့ လိုအပ်ကြောင်းလည်း ရိုဟင်ဂျာ အသိုင်းအဝိုင်းမှာ ပြောဆိုနေကြကြောင်း သိရသည်။

https://www.facebook.com/VORLiveNews/videos/8154689401212801

You may have missed