မတ် ၈၊ VOR
ကောလင်းမြို့ နှင့် ၂မိုင်အကွာရှိကျေးရွာများကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်ကမီးရှို့နေပြီး ပျူသင်တန်းများပေးကာ မြို့တွင်း ခံတပ်တည်ဆောက်နေကြောင်း ဒေသခံပြည်သူများထံက သိရသည်။
ယနေ့ မတ်လ ၈ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ကောလင်းမြို့နယ် ကံလည်ကြီးရွာနှင့် နှောခုံရွာကို မီးရှို့ဖျက်ဆီးပြီး ကောလင်းမြို့ထဲ ပြန်ဝင်သွားကြောင်း ဒေသခံပြည်သူ တစ်ဦးထံက သိရသည်။
“မြို့နဲ့ ၂မိုင်အကွာကိုတော့ သူတို့အကုန်မီးရှို့မယ့်သဘောရှိတယ် ဘာလို့ဆိုတော့ သူတို့မြို့ပေါ်မှာတပ်စွဲမယ် ဘန်ကာတွေဆေက်နေတယ်လို့လဲ သိရတယ်ဗျ”ဟု ကောလင်းဒေသခံတစ်ဦးက VOR ကိုပြောသည်။
ကောလင်းမြို့တွင်း စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲရန် ဘန်ကာများတည်ဆောက်နေပြီး ကျေးရွာများကို မီးရှို့ခြင်းများ လုပ်ဆောင်ကာ ကောလင်းမြို့တွင်းတွင် ပျူစောထီးသင်တန်းများလဲပေးနေကြောင်း သိရှိရသည်။
“မြို့နဲ့ ၂မိုင်အကွာကရွာတွေမီးရှို့ပြီး မြို့ကို အထိုင်တပ်စွဲတော့မယ်လို့ ကြားတယ်ဗျ ပျူသင်တန်းတွေလဲ စပေးနေပြီ ကျွန်တော်တို့ အိမ်ယာတွေပါသွားတဲ့အတွက် စိတ်မကောင်းဖြစ်နေကြတယ်ဗျ ပြည်သူနေအိမ်တွေလဲ ကုန်ပြီ အထဲမှာပစ္စည်းတွေပါသွားတယ် လူချည်းစစ်ရှောင်နေရတော့ ဘာမှမရလိုက်ဘူး “ဟု ဒေသခံတစ်ဦးက VOR ကိုပြောသည်။
ကောလင်းမြို့ကို နိုဝင်ဘာ ၅ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဖေဖော်ဝါ ၁၃ရက်နေ့တွင် စစ်ကောင်စီတပ်က ကောလင်းမြို့ကို ပြန်လည်နေရာယူထားနိုင်ကာ မြို့၏ ၈၀ရာခိုင်နှုန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကောလင်းမြို့နယ် ၊ ကျောက်တန်းလမ်းဆုံ သစ်ဖုလှ ဘုရားကုန်းမှ ခံသာရွာသို့ အင်အား ၁၂၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ မတ်လ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား အလောင်း ၃ လောင်း ၊ MA 3 သေနတ် တစ်လက်၊ ကင်း ထောက်ဒရုန်း ၁ စီး၊ ငါးကြင်းမြီး ပြောင်းတစ် ခု နှင့် ခဲယမ်းအချို့ကျန်ရှိခဲ့သည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်