Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
May 13, 2025

ကချင်တိုက်ပွဲများတွင် KIA နှင့်အတူ ရက္ခိုင့်တပ်တော် AA ပါထိုးစစ်ဆင်နွဲနေ

ကချင်တိုက်ပွဲများတွင် KIA နှင့်အတူ ရက္ခိုင့်တပ်တော် AA ပါထိုးစစ်ဆင်နွဲနေ

မတ် ၈၊ VOR

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ယမန်နေ့ မတ်လ ၇ရက်နေ့တွင် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်လျက်ရှရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်အတူ ရက္ခိုင့်တပ်တော် AA ပါ ပူးပေါင်းထိုးစစ်ဆင်နွဲလျက်ရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချို့တို့ကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါထိုးစစ်များတွင် မဟာမိတ် (KIA) နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ရှိသည်ဟု ဆိုသည်။

တစ်ချိန်တည်း၌ပင် ကချင်ပြည်နယ်၊ ဗန်း‌မော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ရန်သူ၏ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ရင်း များမှ လက်နက်ကြီးများပစ်ခတ်သည့်အပြင် လေကြောင်းမှ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ် နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ရက္ခိုင်ဒေသစစ်ဆင်ရေး (၁၁၆) ရက်အတွင်း ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ရယူထားပြီးဖြစ်သကဲ့သို့ နောက်ထပ်ကျန်ရှိနေသေးသော စခန်းများကို ထပ်မံသိမ်းပိုက်ရယူနိုင်ရန် အတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း AA ကထုတ်ပြန်ပြောဆိုသည်။

You may have missed