Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
January 13, 2026

KIA ဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၁၂ခုကို တပြိုင်တည်းဝင်တိုက် ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံး

KIA ဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၁၂ခုကို တပြိုင်တည်းဝင်တိုက်၊ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံး

မတ် ၇၊ VOR

ကချင်ပြည်နယ်၊ မိုးမောက်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်စွဲနေရာ ၁၂ ခုကို KIA ပူးပေါင်းတပ်ဖွဲ့က တပြိုင်နက်တည်းဝင်တိုက်ခိုက်နေပြီး လိုင်ဇာအနီးရှိ စစ်စခန်းအချို့ကို KIA ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။

ယနေ့နံနက်မှ စတင်၍ ကချင်လွတ်မြောက်ရေးတပ်မတော်- KIA ထိုးစစ်များ အရှိန်မြှင့်စတင်လိုက်ပြီဖြစ်ပြီး စစ်ကောင်စီတပ်စခန်း ၁၂ ခုကို တပြိုင်နက်တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ပြည်သူ့စစ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားသေဆုံးကြောင်း သိရပြီး စစ်ကောင်စီမှ လေကြောင်းလက်နက်ကြီးပစ်ကာ အပြင်းအထန် ခုခံနေရကြောင်း သိရသည်။

ဝင်ရောက်တိုက်ခိုက်သည့် နေရာများတွင် လိုင်ဇာအနီးရှိ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်း၊ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ် တပ်စခန်း နှင့် အင်လုံခ တပ်စခန်း တို့လည်းပါဝင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် KIA ပူးပေါင်းတပ်ဖွဲ့က လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်း ၄ခုထက်မနည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

You may have missed