Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 16, 2025

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ကထိက ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ကျပ် ၉ သိန်းစီ အသီးသီး ချမှတ်

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ကထိက ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ကျပ် ၉ သိန်းစီ အသီးသီး ချမှတ်

မတ် ၇၊ VOR

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ကထိက ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ကျပ် ၉ သိန်းစီ အသီးသီး ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ကရင်နီပြည်နယ် ပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ် က အတည်ပြုပြောကြား လိုက်သည်။

မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ အရ အထောက် အထား ခိုင်မာသည့် အတွက် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ကထိက ၅ ဦးကို အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပါမောက္ခချုပ် အပါအဝင် ၅ ဦး၏ ဖုန်းနှင့် ကွန်ပျူတာများ ထဲမှ အချက်အလက်များ အရ တရားလိုက ၁၇/၁ နဲ့ တရားစွဲဆိုခဲ့သည့် အပေါ် အမှု စစ်ဆေးပြီး ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် လွိုင်ကော် တက္ကသိုလ်မှ ပါမောက္ခချုပ် အပါအဝင် Non-CDM ဝန်ထမ်း မိသားစု ၂၀၄ ဦး ကို KNDF က ၁၁၁၁ စစ်ဆင်ရေး တိုက်ပွဲများအတွင်း ခေါ်ထုတ်ခဲ့သည်။

လွိုင်ကော်တက္ကသိုလ် ပါမေက္ခချုပ်၊ ဒုတိယပါမေက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ဦးနှင့် ၎င်းတို့၏မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိက တာဝန်ရှိသူများဖြစ်သဖြင့် ကရင်နီပြည် ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့် တရားစွဲကာ သက်ဆိုင်ရာ တရားရေးဌာနသို့ လွှဲပြောင်းပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ကထိက ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ကျပ် ၉ သိန်းစီ အသီးသီး ချမှတ်

You may have missed