Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 13, 2025

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ရှင်းလင်းရာ အလောင်း ၃လောင်းနှင့် လက်နက်ခဲယမ်းများရရှိ

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ရှင်းလင်းရာ အလောင်း ၃လောင်းနှင့် လက်နက်ခဲယမ်းများရရှိ

မတ် ၆၊ VOR

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ခံသာရွာသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ထုတ်ရှင်းလင်းရာ အလောင်း၃လောင်းနှင့် လက်နက် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း(၁)က သတင်းထုတ်ပြန်သည်။

မတ်လ ၂ရက်နေ့တွင် ကောလင်းမြို့နယ် ကျောက်တန်းလမ်းဆုံ သစ်ဖုလှ ဘုရားကုန်းမှ ခံသာရွာသို့စစ်ကောင်စီတပ်အင်အား ၁၂၀ခန့် စစ်ကြာင်းထိုးလာရာ ကောလင်းခရိုင်အမှတ်(၁) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း ၊ ကောလင်းခရိုင်ပကဖ၊ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များနှင့် ၃ ရက်ဆက်တိုက် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ ၄ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ခံသာရွာမှ ကျောက်တန်းရွာသို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ စစ်တပ်နှင့်နီးကပ်သောအနေအထားတွင်ရှိပြီး အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည့်အခြေအနေတွင်ရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ဗုံးသီး ၆ လုံး နှင့် စက်လက် များအသုံးပြုတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ်အများအပြားနှင့် အထကကျောင်းဆောင်ကြီး ၂ ဆောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများအား တိုက်ထုတ်ရှင်းလင်းရာ အလောင်း၃လောင်း MA3 တစ်လက် ကင်းထောက်ဒရုန်း၁ စီး၊ငါးကြင်းမြီးပြောင်းတစ်ခု နှင့် ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

You may have missed