မတ် ၆၊ VOR
ရှမ်းမြောက်ဒေသတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့နယ် ၃ ခုတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာမှုသည် အပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်ပြီး ပြည်သူကို ခြိမ်းခြောက်သော လုပ်ရပ်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။
တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်မှုဖြင့် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီအကြား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး အပစ်ရပ်ခဲ့ပြီး ဆွေးနွေးမှုများကို ၄ကြိမ်မြောက်ထိပြုလုပ်လာခဲ့ကြကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ကြေညာသည်။
မတ်လ ၄ ရက်နေ့တွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများအကောင်အထည်ဖော်နေသော မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာမှုသည် ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲ ဖြစ်စေနိုင်ပြီး ပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်