Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
June 14, 2026

သိမ်းပိုက်ထားသည့် မြို့ ၃မြို့အပေါ် စစ်ကောင်စီကထုတ်ပြန်သည့် စစ်အုပ်ချုပ်ရေးအမိန့်ကို TNLA ရုတ်သိမ်း

သိမ်းပိုက်ထားသည့် မြို့ ၃မြို့အပေါ် စစ်ကောင်စီကထုတ်ပြန်သည့် စစ်အုပ်ချုပ်ရေးအမိန့်ကို TNLA ရုတ်သိမ်း

မတ် ၆၊ VOR

ရှမ်းမြောက်ဒေသရှိ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားသော မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူ မြိုနယ် ၃ ခုတွင် စစ်ကောင် စီက စစ်အုပ်ချုပ်ရေး အမိန့် ကြေညာမှုကို TNLA က လက်မခံဘဲ ကန့်သတ်ချက်အမိန့်များအားလုံး ရုပ်သိမ်းလိုက်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန် ကြေညာသည်။

ရှမ်းမြောက်ဒေသရှိ TNLA က သိမ်းပိုက်ထားသည့် မြို့ ၃မြို့ကို စစ်ကောင်စီက မတ်လ ၄ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

စစ်ကောင်စီ၏ ထိုကြေညာချက်သည် တအောင်းပြည်နယ်အတွင်း ဒေသခံပြည်သူလူထုကို ထိတ်လန့်စေသည့်အတွက် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်များအပါအဝင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ချမှတ်ခဲ့သည့် ကန့်သတ်ချက်များ၊ အမိန့်များအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း TNLA က ပြန်လည် ထုတ်ပြန်သည်။

TNLA က ထိန်းချုပ်ပြီး စီမံအုပ်ချုပ်နေသည့် မြို့ ၇ ခုအတွင်း စီမံအုပ်ချုပ်ရေးလုပ်ငန်း တည်ငြိမ်တိုးတက်လာသည့်အတွက် ညမထွက်ရအမိန့်အပြင် စစ်ဆင်ရေးအတွင်း လိုက်နာရမည့်ကန့်သတ်ချက်များအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဟု ဆိုသည်။

TNLA သည် ၎င်းတိုသိမ်းပိုက်ထိန်းချုပ်နေသည့် မြိုရွာများတွင် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်လုပ်ငန်းများအပါအဝင် လောင်းကစားများကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတသည့် ဥပဒေနှင့် စီမံအုပ်ချုပ်မှုတိုဖြင့် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်ဟု ကြေညာထားသည်။

You may have missed