မတ် ၆၊ VOR
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှထွက်လာသော အင်အား(၁၅၀)ခန့်ရှိသော ပျူစောထီး စစ်ကြောင်းကို ခြုံခိုစောင့်ဆိုင်းတိုက်ခိုက်ရာ ပျူစောထီး ၂ဦးမှ ၄ဦးထိ သေဆုံးနိုင်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ နံနက် ၈နာရီ၃၀ခန့်တွင် တန့်ဆည်မြို့မှထွက်လာသော အင်အား(၁၅၀)ခန့်ရှိသော ပျူစောထီး စစ်ကြောင်းသည် မဟာမိတ်တပ်ဖွဲ့များအသင့် ခြုံခိုစောင့်ဆိုင်းနေသောနေရာသို့ရောက်ရှိလာပြီး ထိတွေ့မှု ဖြစ်ပွားခဲ့ရာ ပျူစောထီး ၂ဦးမှ ၄ဦးထိ သေဆုံးနိုင်ကြောင်း သိရသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် အမှတ် (၁)စစ်ဒေသတွင်ပါဝင်သော မဟာမိတ်တပ်ပေါင်းစုသည် တန့်ဆည်မြို့မှ ကန့်ဘလူမြို့နယ်သို့ပြန်လာသော ဝါသဝပျူစောထီးစစ်ကြောင်းနှင့် မတ်လ(၅)ရက်နေ့ ၊ နံနက်ပိုင်းတွင် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
PLA၊TCRF(PLA)၊မုံတိုင်ပင်(ပကဖ)၊တက်သစ်(ပကဖ)၊ကျောက်တိုင်(ပကဖ)တို့ ပါဝင်သော မဟာမိတ်တပ်ဖွဲ့ဝင် အင်အား(၄၀)ကျော်သည် တန့်ဆည်မြို့နယ်တောင်ပိုင်းတစ်နေရာ၌ ကြိုတင်သတင်းရရှိမှုအရ ပျူစောထီး စစ်ကြောင်းကို တစ်ရက်စော၍ ကြိုတင်စောင့်ဆိုင်းနေခဲ့ကြကြောင်း သိရသည်။
မတ်လ(၅)ရက်နေ့ နံနက်(၅)နာရီခန့်တွင် တန့်ဆည်မြို့မှထွက်လာသော အင်အား(၁၅၀)ခန့်ရှိသော ဝါသဝစစ်ကြောင်းသည် နံနက် ၈နာရီ၃၀ခန့်တွင် မဟာမိတ်တပ်ဖွဲ့များအသင့် ခြုံခိုစောင့်ဆိုင်းနေသောနေရာသို့ရောက်ရှိလာပြီး ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲသည်မိနစ်(၂၀)ခန့်ကြာမြင့်ခဲ့ပြီး မဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပျူစောထီးတို့ဘက်မှ ထိခိုက်ကျဆုံးမှုအတိအကျကို မသိရသော်လည်း ဒေသခံမျက်မြင်များ အပြောအရ အထိအခိုက်(သို့မဟုတ်)ကျဆုံးသူ (၂)ဦးမှ(၄)ဦးအထိရှိနိုင်ကြောင်းသိရသည်။
ထို့နောက် ၎င်းစစ်ကြောင်းသည် သာကေတရွာမှ အိမ်တစ်လုံးနှင့် အရပ်သားပိုင် ဆိုင်ကယ်(၉)စီးကို မီ:ရှို့ဖျက်ဆီးပြီးနောက် နာဋောင်းကျရွာဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်