Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
June 8, 2026

အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ စားသောက်ဆိုင်တွင် ရဲနှင့်ပျူစောထီးများကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၂ဦးသေဆုံး

အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ စားသောက်ဆိုင်တွင် ရဲနှင့်ပျူစောထီးများကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၂ဦးသေဆုံး

မတ် ၄၊ VOR

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ စားသောက်ဆိုင်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်ပျူစောထီးများအား တော်လှန်ရေးရဲဘော်များက ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၂ဦးသေဆုံးကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄က သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ “Shine Cafe”ဆိုင်တွင် စားသောက်ကြရင်း ပြည်သူများ၏ ဆိုင်ကယ်များဖမ်းဆီးရန် စောင့်နေကြသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်ပျူစောထီးများအား မတ်လ ၃ရက် မွန်းလွဲ ၃နာရီ ၄၂မိနစ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များမှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှောင်တခင် တိုက်ခိုက်မှုအတွင်း နယ်ထိန်း မင်းသွေးနှင့် ပျူစောထီး သံချောင်းတို့ နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ဖုန်းမြင့်အောင်ဆိုသူ ရဲ၁ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကျန်ရဲနှင့်ပျူစောထီးများ ကြောက်လန့်တကြား ထွက်ပြေးကြသဖြင့် ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍လည်း အုတ်ဖိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၄င်းတို့၏ အုပ်ချုပ်ရေးယန္တရားများအား တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အသိပေးထားသည်။

အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ စားသောက်ဆိုင်တွင် ရဲနှင့်ပျူစောထီးများကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၂ဦးသေဆုံး

You may have missed