Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
February 18, 2026

ရခိုင်အပစ်မရပ်သေး၊ ရှမ်းမြောက်ဒေသတစ်ခုသာပါဝင်ကြောင်း AA ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ပြော ရခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်သည်အထိတိုက်ထုတ်မည်ဟု ဆို

ရခိုင်အပစ်မရပ်သေး၊ ရှမ်းမြောက်ဒေသတစ်ခုသာပါဝင်ကြောင်း AA ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ပြော၊ ရခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်သည်အထိတိုက်ထုတ်မည်ဟု ဆို

မတ် ၄၊ VOR

မြောက်ပိုင်း ညီနောင် မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA၊ ရက္ခိုင့်တပ်တော် AA တို့နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ရှိနေသော်လည်း ရှမ်းမြောက်ဒေသတစ်ခုသာပါဝင်ပြီး ရခိုင်ဒေသသ ပါဝင်ခြင်းမရှိသေးဟု AA ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ပြောဆိုလိုက်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးမှုတချို့ရှိနေသော်လည်း ရှမ်းမြောက်ဒေသ၌ ယခင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတစ်ရပ်ကို ပိုမိုခိုင်မာအောင် ဆွေးနွေးပြောဆိုခြင်းသာရှိခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောသည်။

” ရခိုင်ဒေ မှာတော့ လက်ရှိမြင်တွေ့နေတဲ့ အတိုင်းပါပဲ” ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သတင်းထောက်များကို ယနေ့ ULA /AA ၏ သတင်းစာရှင်းပွဲတွင် ဖြေဆိုခဲ့သည်။

ထို့နောက် သတင်းထောက်တစ်ဦးက AA၏ စစ်ရေး ရည်မှန်းချက်က ဘယ်အထိရှိနိုင်သလဲဟု မေးမြန်းရာတွင် ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ရခိုင်ဒေသ တစ်ခုလုံး စစ်ကောင်စီ ကင်းစင်သည်ထိ တိုက်ခိုက်သွားမည်ဟု ဖြေဆိုခဲ့သည်။

ရခိုင်အပစ်မရပ်သေး၊ ရှမ်းမြောက်ဒေသတစ်ခုသာပါဝင်ကြောင်း AA ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ပြော ရခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်သည်အထိတိုက်ထုတ်မည်ဟု ဆို

You may have missed