မတ် ၄၊ VOR
မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ စစ်တပ်နှင့်ရဲများ တပ်စွဲထားသည့် မြို့နယ် စီမံကိန်းရုံးနှင့် တရားရုံးကို မတ်လ ၂ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ သတင်းထုတ်ပြန်သည်။
၎င်းတိုက်ခိုက်မှုအတွင်း ဒုရဲအုပ် ၁ ဦးနှင့် စစ်သား ၂ ဦးသေဆုံးကာ ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊မြိုင်ပကဖ၊ မြိုင်မြို့နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၆ ၊ တပ် ရင်း ၇ ၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၇ ၊ PSGF ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့ ၊အာဘံ ရေစကြိုတပ်ဖွဲ့ ၊ မြင်းခြံခရိုင် ဒရုန်း တပ်ဖွဲ့နှင့် King Cobra (ပခုက္ကူ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။


I’m extremely impressed with your writing skills as neatly as with the layout to your weblog. Is this a paid subject matter or did you customize it your self? Either way stay up the excellent high quality writing, it’s rare to look a nice blog like this one these days!