မတ် ၄၊ VOR
မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ စစ်တပ်နှင့်ရဲများ တပ်စွဲထားသည့် မြို့နယ် စီမံကိန်းရုံးနှင့် တရားရုံးကို မတ်လ ၂ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ သတင်းထုတ်ပြန်သည်။
၎င်းတိုက်ခိုက်မှုအတွင်း ဒုရဲအုပ် ၁ ဦးနှင့် စစ်သား ၂ ဦးသေဆုံးကာ ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊မြိုင်ပကဖ၊ မြိုင်မြို့နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၆ ၊ တပ် ရင်း ၇ ၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၇ ၊ PSGF ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့ ၊အာဘံ ရေစကြိုတပ်ဖွဲ့ ၊ မြင်းခြံခရိုင် ဒရုန်း တပ်ဖွဲ့နှင့် King Cobra (ပခုက္ကူ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ