မတ် ၄၊ VOR
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ – PPDF တပ်ရင်းက သတင်းထုတ်ပြန်သည်။
ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးအုပ်စု၊ အလယ်ရွာနှင့် ရုပ်ဆိုင်ရွာအကြား သိမ်ကုန်းရွာ စစ်ကောင်စီတပ်အထိုင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သား ၂၃ ဦးပါ စစ်ကြောင်းကို မတ် ၃ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်တွင် မိုင်း ၃ လုံးဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ထို့အပြင် ဘန်းဘွေးကန်ရွာမှ အင်အားဖြည့်တင်းပြီး PDF စခန်းငယ်တစ်ခုကို ဝင်ရောက်စီးနင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးပါစစ်ကြောင်းမှ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် PDF စခန်းငယ်အတွင်း ဝင်ရောက်စီးနင်းချိန် ထောင်ထားသည့် မိုင်းများကို ဖောက်ခွဲရာ မိုင်းဖောက်ခွဲမှုကြောင့် စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်က စခန်းဝင်စီးနင်းမှာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းကြိုရပြီးနောက် လက်နက် အင်အားလူအင်အားမမျှတသဖြင့် စခန်းငယ်ကို စွန့်ခွာကာ စခန်းအတွင်း ပဒေသာမိုင်း ၄ လုံးထောင်ထားပြီး အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းခွဲမှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်က PDF စခန်းငယ်ကို မီးရှို့ဖျက်ဆီးပြီး ရုပ်ဆိုင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်သွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက် အကျအဆုံး မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ