မတ် ၄၊ VOR
ရက္ခိုင့်တပ်တော် (AA)၏ ဒုစစ်ဦးစီးချုပ် မွေးနေ့ မတ် ၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ မတ်လ ၄ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ မွေးနေ့အမှတ်တရအဖြစ် ပုဏ္ဏားကျွန်းမြို့ကို လက်ဆောင်ယူလာပေး၍ အာရက္ခစစ်သည်များကို ကျေးဇူးတင်ကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောဆိုသည်။
“ပုဏ္ဏားကျွန်းမြို့ နဲ့ အကြီးကြီးတွေကို လက်ဆောင် ယူလာပေးတဲ့ အာရက္ခစစ်သည်တော်တွေနဲ့ ကြီးကြပ်တဲ့ စစ်ဒေသမှူး၊ အဆင့်ဆင့်တပ်မှူးတွေအားလုံးကို ကျေးဇူးတင်တယ်”ဟု ၄င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
တိုက်ပွဲအတွင်းအသက်၊ ခန္ဓာကို ပေးဆပ်ခဲ့ကြရသည့် စစ်သည်များအား ဦးညွှတ် ဂါရဝ ပြုသည်ဟုလည်း ရေးသားထားသည်။
ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ AA သိမ်းပိုက်ရန် တစ်ခုတည်းကျန်ေနသော ခမရ (၅၅၀)တပ်ရင်းကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အားအရှိန်မြှင့်လျက်ရှိပြီး စစ်ကောင်စီမှလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် ၎င်းတပ်ရင်း မကျရှုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်လျက် ရှိသည်ဟု ရက္ခိုင့် တပ်တော်မှ မတ်လ ၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့ကို ကြည်း၊ ရေ၊ လေ အင်အားသုံးပြီး အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ