မတ် ၄၊ VOR
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းကို ယနေ့ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ် ရေး ဝနကြီးဌာနက သတင်းထုတ်ပြန်သည်။
ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နှင့် ပျူစောထီး များ အခြေပြုရာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ရဲစခန်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ စတင်၍ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် (၁) ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင် တပ်ရင်း ၃၊ ၆၊ ၁၂၊ ဗျုဟာ (၅၂)မှ ရွှေဘိုခရိုင်တပ်ရင်း ၇၊ ၈၊ ၁၆နှင့် စစ်ကိုင်း ခရိုင် တပ်ရင်း (၃) တို့ပူးပေါင်းလျက် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တံတားဦး၊ နမ့်စန်၊ နမခ၊ တောင်ငူ၊ နေပြည်တော်လေတပ်တို့မှ လာသည့် ဂျက်တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၃) ကြိမ်နှင့်မနည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီလ (၂၂) ရက်နှင့် (၂၃) ရက်နေ့များတွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် ခမရ (၁၁၊ ၇၀၈)၊ ပျုစောထီး ပူးပေါင်းအင်အားများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွါးခဲ့သည်ဟု သိရသည်။
ယနေ့ နံနက်တွင် တပ်အားလုံး စခန်းစွန့်ခွါထွက်ပြေးသွားသည့်အတွက် ကံထူးမရဲစခန်းအား အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး G-3 (၅) လက်၊ နာနတ်သီးဗုံး (၄) လုံး၊ MA-15 ကျည် (၁၆၃၅) တောင့်၊ ကျည်အိမ် (၁၂) ခု၊ ကျပ်ငွေ (၃၈) သိန်းနှင့် မော်တော်ယာဉ် အမြောက်အမြားသိမ်းယူနိုင်ခဲ့ ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၁၈) ဦးသေဆုံး၊ (၃၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး PDF ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း အသိပေး ထုတ်ပြန်ထားသည်။















More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ