Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
December 9, 2025

ကလေးမြို့ သာယာကုန်းရွာနှင့် ထိုမာရွာကြားတိုက်ပွဲ၌ စစ်အုပ်စု (၈) ဦး သေဆုံး၊ လက်နက်ခဲယမ်းများရရှိ

ကလေးမြို့ သာယာကုန်းရွာနှင့် ထိုမာရွာကြားတိုက်ပွဲ၌ စစ်အုပ်စု (၈) ဦး သေဆုံး၊ လက်နက်ခဲယမ်းများရရှိ

မတ် ၄၊ VOR

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် သာယာကုန်းရွာနှင့် ထိုမာရွာကြားတိုက်ပွဲ၌ စစ်အုပ်စု (၈) ဦး သေဆုံးပြီး (၂၀) ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁စစ်ဒေသက သတင်းထုတ်ပြန်သည်။

မတ်လ (၂) ရက်နေ့တွင် ကလေးမြို့နယ်၊ ထိုမာရွာနှင့် သာယာကုန်းရွာကြား ဆပ်သချောက်၌ ထိုမာရွာမှ ထွက်လာသော စစ်ကောင်စီတပ် (တပ်စိစစ်ဆဲ)၊ ပျူစောထီး အင်အား (၃၀) ခန့်နှင့် ခမရ-၇၀၃၊ ပျူစောထီး ပူးပေါင်းအင်အား (၆၀) ခန့်အား ကလေးခရိုင် တပ်ရင်း (၂၊ ၄၊ ၅)၊ Vakok PDF၊ CDF-KKG၊ RKDF ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု (၈) ဦး သေဆုံးပြီး (၂၀) ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်အုပ်စုထံမှ MA ကျည် (၃၉၀၀) တောင့်၊ G-3 ကျည် (၁၀၁) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ ၄၀ မမ (၃၃) လုံး၊ ၆၀ မမ (၄) လုံး၊ အီနာဂါ (၁) လုံး၊ RPG-7 (၄) လုံး၊ RPG ပို့ယမ်း (၄) ထုတ်၊ MA ကျည်ဘောက် (၉) ခု၊ ကျည်ကာပြား (၂) ပြား၊ လက်ကိုင်ဖုန်း (၄) လုံး၊ ဓာတ်မီး (၅) လက်၊ ငွေကျပ် (၆၄,၀၀၀) သိမ်းဆည်းရမိကြောင်း သိရသည်။

ကလေးမြို့ သာယာကုန်းရွာနှင့် ထိုမာရွာကြားတိုက်ပွဲ၌ စစ်အုပ်စု (၈) ဦး သေဆုံး၊ လက်နက်ခဲယမ်းများရရှိ

You may have missed