မတ် ၃၊ VOR
ကနေဒါနိုင်ငံ၊ အော်တဝါမြို့တွင် ကနေဒါအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏ Parliamentary Secretary မစ္စတာ Rob Oliphant နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ နိင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်တို့ မတ်လ ၂ ရက် နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း NUG က သတင်းထုတ်ပြန်သည်။
တွေ့ဆုံပွဲအတွင်း မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရပ်ရပ်နှင့် မြန်မာ့အရေး ကနေဒါနိုင်ငံ၏ ထောက်ခံ အားပေးမှုဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး၏ မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်နှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြား တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ပြောခွင့်ပုဂ္ဂိုလ်တို့အား Parliamentary Friends of a Democratic Burma ၏ ပူးတွဲ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် Adam Chambers က ကနေဒါ အောက်လွှတ်တော်တွင်း လှည့်လည် ပြသခဲ့သည်ဟု သိရသည်။


I am extremely inspired together with your writing abilities as well as with the structure on your weblog. Is that this a paid topic or did you customize it yourself? Anyway keep up the excellent quality writing, it is rare to see a nice weblog like this one nowadays. !
Автоматизированное продвижение сайта хрумером https://www.olx.ua/d/uk/obyavlenie/progon-hrumerom-dr-50-po-ahrefs-uvelichu-reyting-domena-IDXnHrG.html позволяет получить хороший результат за короткое время.