Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 16, 2025

စစ်ကောင်စီနိုင်ငံခြားရေးက ထိုင်းအစိုးရထံသို့ ပေးပို့သည့် လျှို့ဝှက် ကန့်ကွက်စာ

စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း NUGနှင့် ထိုင်းလွှတ်တော် မြန်မာ့အရေးဆွေးနွေးပွဲ ဆက်လက်ကျင်းပနေ

မတ် ၃၊ VOR

ထိုင်းနိုင်ငံလွှတ်တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်များ ၊ KNU နှင့် NUCC တို့ပါဝင်တက်ရောက်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ယမန်နေ့မှစတင်၍ ကျင်းပနေကြောင်း ထိုင်းသတင်းမီဒီယာများထံက သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုး သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က ကိုယ်စားပြုသူများ ပါဝင်တက်ရောက်နေပြီး အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့သည့်အပတ်အတွင်းက ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ဆွေးနွေးပွဲက သက်ဆိုင်သူအားလုံး အပြန်အလှန် ဆွေးနွေးဖို့ ပထမဆုံး ခြေလှမ်းပါပဲ။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေး အဖြေတစ်ခုအတွက် လမ်းခင်းပေးမှာ ဖြစ်ပါတယ်။” ဟုထိုင်းလွှတ်တော် အမတ် Rangsiman Rome က ပြောကြားခဲ့သည်။

စစ်ကောင်စီက ထိုင်းလွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲသည် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေရန် ဖန်တီးနေပြီး ယင်းဆွေးနွေးပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို အဟန့်အတားဖြစ်စေနိုင်သည့် မည်သည့်လှုပ်ရှားမှုကိုမှ မကျင်းပရန် ထိုင်းအစိုးရအနေဖြင့် လွှတ်တော်ကို ပြောကြားရန် စစ်ကောင်စီက ကန့်ကွက်စာတွင် တောင်းဆိုသည်။

မြန်မာနှင့်ထိုင်းလွှတ် တော် အမတ်များ တက်ရောက်နေသည့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့နှင့် ၃ရက်နေ့များတွင် ကျင်းပမည်ဖြစ် ကြောင်း သိရှိရသည်။

စစ်ကောင်စီနိုင်ငံခြားရေးက ထိုင်းအစိုးရထံသို့ ပေးပို့သည့် လျှို့ဝှက် ကန့်ကွက်စာ

You may have missed