Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

ကနီမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တို့တိုက်ပွဲပြင်းထန်နေ

ကနီမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တို့တိုက်ပွဲပြင်းထန်နေ

မတ်၊ ၃၊ VOR

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုများ အပြင်းအထန် လုပ်ဆောင်နေသော်လည်း တော်လှန်ရေးတပ်များက အသာစီးရရှိထားကြောင်း သိရသည်။

မတ်လ ၂ ရက်နေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်များက ကနီမြို့ပေါ် နှင့် ရေလည်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှုများကြောင့် ကနီမြို့ပေါ် ရှိ ပြည်သူများ နှင့် မင်းကုန်း ၊ ညောင်ပင်ဝန်း ၊ တဇယ်ချောင် ၊ ပန်းဆိုင်း ၊ ငါးဖျတ် ၊ မုဠော ၊ သမင်ခြံ ကျေးရွာများမှ ဒေသခံ ၉၅၀၀ ခန့် ယမန်နေ့နံနက်အစောပိုင်း မှစ၍ စစ်ရှောင်နေရကြောင်း သိရသည်။

ကနီမြို့တွင် စစ်ကောင်စီတပ်နှင့် PDF တို့တိုက်ပွဲပြင်းထန်နေ

You may have missed