Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် လစ်လပ်ရာထူးများ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် လစ်လပ်ရာထူးများ ခေါ်ယူနေ

မတ် ၂ ၊ VOR

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကြားကာလပြည်နယ်/ဖက်ဒရယ်ယူနစ် ဆေးရုံ‌ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် လစ်လပ်ရာထူးများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစတင် ခေါ်ယူနေပြီး ရာထူးနေရာများအလိုက် သတ်မှတ်ထားသော ရက်အတွင်း လျှောက်လွှာများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account – https://t.me/HR_HOHNUG သို့မဟုတ် Telegram Username@HR_MOHNUG တွင် ပေးပို့လျှောက်ထားနိုင်ကြောင်း သိရပါသည်။

ရွေးချယ်ခံရသူများသည် လိုအပ်သည့်သင်တန်းများတက်ရောက်ရမည်ဖြစ်ပြီး ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ အစီအစဥ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဖြစ်၍-

တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနှင့်လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန်လည်း အစီအစဥ်များချမှတ်ထားပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ပေးအပ်သွားမည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။

You may have missed