Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

အိန္ဒိယ – မြန်မာ ကားလမ်းဖောက်လုပ်ရေး မီဇိုရမ်လွှတ်တော်အမတ်နဲ့ AA အဖွဲ့ ဆွေးနွေး

မတ် ၁ ၊ VOR

မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Pu Valalvena နဲ့ ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူတို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပူဒေသနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ကို ဆက်သွယ်ရေး ကားလမ်းဖောက်လုပ်ရေးကိစ္စနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နှစ်နိုင်ငံနယ်စပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Lairam Times က ဖော်ပြထားပါတယ်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) အရ ၄င်းလမ်းဟာ ပလက်ဝ-ဇိုရမ်ပူ လမ်းပိုင်း၊ ပလက်ဝမြို့ ဆိပ်ခံတံတားကနေ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်သွားလာနိုင်အောင် ဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်းအရှည် ၁၀၀ ကီလိုမီတာ၊ အကျယ် ၂၇ ပေရှိ လေးလမ်းသွား ကားလမ်းမဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်က ရပ်နားထားခဲ့ရတဲ့ အဲ့ဒီလမ်းမဟာ ၂၀၂၃ ခုနှစ် အစပိုင်းမှာ ပြန်လည်စတင်ခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် ပြန်ရပ်ထားရပြီး ပလက်ဝမြို့ကို AA က သိမ်းယူပြီးနောက် အခုလို လမ်းဖောက်လုပ်ရေး ပြန်စတင်လာခြင်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်လို့သိရပါတယ်။

You may have missed