Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

အမျိုးသားညီညွတ်ရေးအစိုးရ မှ "အကြမ်းဖက်စစ်တပ်က ရက္ခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ကြေညာချက်” ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ မှ “အကြမ်းဖက်စစ်တပ်က ရက္ခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ကြေညာချက်” ထုတ်ပြန်

မတ် ၁ ၊ VOR

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့ နံနက် (၈) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်နယ် စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်း စျေးအတွင်းသို့ အကြမ်းဖက်စစ်တပ်ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ များ‌စွာ သေဆုံး ဒဏ်ရာရခဲ့ပါသည်။

၄င်းအပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင်လည်း ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်တပ်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အလင်းဝင် တပ်မတော်သားများ၊ အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်က ရက္ခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ‌ကြေညာချက် ၁ စောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ မှ ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

ယင်းကြေညာချက်တွင် –

အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြရသော ရက္ခိုင်ပြည်သူများအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိစီးနှိပ်စက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်နေကြသော ရက္ခိုင် ပြည်သူများအားလုံးနှင့်အတူ တစိတ်တဝမ်းတည်းရှိနေပါကြောင်း အလေးအနက်ထား ပြောကြားထား၍

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများ စုဝေးရာနေရာများဖြစ်သည့် စျေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ပြည်သူလူထုအား နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ ကြီးလေးသော စစ်ရာဇဝတ်မှုများ ကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်း ဖြစ်သောကြောင့် အဆိုပါ ရာဇဝတ်မှုများအတွက် တရားမျှတမှုပြန်လည်ရရှိစေရေး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင်တပ်တော် တို့နှင့် ပူးပေါင်းကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါကြောင်း ဖော်ပြထားပါသည်။

You may have missed