Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 8, 2026

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဖေဖော်ဝါရီ ၂၉၊ VOR

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ နည်းပညာတက္ကသိုလ် (ထားဝယ်) အနီးရှိ စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဗထူးတပ်မတော် – BHA က ထုတ်ပြန်သည်။

ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ကျေးရွာ၊ နည်းပညာတက္ကသိုလ် (ထားဝယ်) အနီး ဘုရားမဲစစ်ဆေးရေးဂိတ်နဲ့ကပ်လျှက် ဘုရားမဲ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် ကာကင်းစခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဗထူးတပ်မတော် – BHA တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးပြီး တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA-3 သေနတ် ၂ လက် ၊ ကျည်ဘောက် ၆ ခု ၊ ၄ဝ မမ ဗုံးသီး ၆ လုံး ၊ ၅.၅၆ ကျည် ၂၀၄ တောင့် ၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ စကားပြောစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးအပြီး နည်းပညာတက္ကသိုလ် (ထားဝယ်) တွင် စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်း ဆောင်ရွက်နေသည့် Non-CDM ဒု-ပါမောက္ခချုပ်နှင့် ပါမောက္ခ ၂ ဦးကိုပါ ဖမ်းဆီးထိန်းသိမ်းလာခဲ့ကြောင်း ဗထူးတပ်မတော် – BHA က ထုတ်ပြန်ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြင့်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်သဖြင့် ပြည်သူများ စစ်ရေး အသိ၊ သတိနှင့် သွားလာနေ ထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် ဗထူးတပ်မတော်က အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများစွာ ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံဝင်ရောက်ရန် ဗထူးတပ်မတော်က တိုက်တွန်းထုတ်ပြန်ထားသည်။

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

You may have missed