Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 8, 2026

စစ်တပ်က ပစ်သတ်ခဲ့သည့် သတင်းသမားကိုဖိုးသီဟ အပါအဝင်အမှုရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသား ၇ ဦး ပစ်သတ်ရန် ညွှန်ကြားခဲ့သူ ဗိုလ်မှူးသိန်းထိုက်စိုး၏ ဝန်ခံထွက်ဆိုချက်ကို ရခိုင့်တပ်တော် AA က ယနေ့ထုတ်ပြန်

စစ်တပ်က ပစ်သတ်ခဲ့သည့် သတင်းသမားကိုဖိုးသီဟ အပါအဝင်အမှုရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသား ၇ ဦး ပစ်သတ်ရန် ညွှန်ကြားခဲ့သူ ဗိုလ်မှူးသိန်းထိုက်စိုး၏ ဝန်ခံထွက်ဆိုချက်ကို ရခိုင့်တပ်တော် AA က ယနေ့ထုတ်ပြန်

ဖေဖော်ဝါရီ ၂၉၊ VOR

မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၈) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် မတရား သဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော မြောက်ဦးမြို့နယ်မှ အပြစ်မဲ့အရပ်သားပြည်သူ ၇ ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ရက်နေ့၊ နေ့လယ် (၂) နာရီခန့်အချိန်တွင် မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်း အချုပ်ခန်းထဲ၌ ရက်ရက်စက်စက် မသေမချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်း များအား မြောက်ဦးမြို့ဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်း ဖျောက်ဖျက်ခဲ့ကြသည်။

ကိုဖိုးသီဟ အပါအဝင်အမှုရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသား ၇ဦးကို ခမရ (၃၇၈) တပ်ရင်းမှ ဌာနချုပ်တပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်စိုးမှ ပစ်သတ်ရန်ညွှန်ကြားချက်ပေးခဲ့ပြီး ဒုတပ်ကြပ်သန်းအောင်နှင့်အဖွဲ့ကို တပ်ရေးဗိုလ်ကြီးအာကာမြင့်ထံသတင်းပို့စေ၍ ပစ်သတ်ရန်စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း နောက်နေ့တွင် တပ်မမှူးမင်းမင်းထွန်းထံ အချုပ်သား ၇ဦး ဗုံးစထိမှန်သေဆုံးသည်ဟု သတင်းလိမ်လည်ခဲ့ကြောင်း ဝန်ခံထွက်ဆိုလိုက်သည်။

You may have missed