ဖေဖော်ဝါရီ ၂၉၊ VOR
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကြား ၊ နောင်တာလောရွာအနီးတွင် ရဲအချုပ်ကားကို သေနတ်ဖြင့် ပစ်ခတ်ပြီး တရားရင်ဆိုင်နေသည့် အချုပ်သားများ ကယ်ထုတ်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၈ရက် နံနံ ၁၂ နာရီ မတိုင်ခင်အချိန်တွင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကြား ၊ နောင်တာလောရွာအနီးတွင် မြစ်ကြီးနားမြို့နယ် ခရိုင်တရားရုံးမှပြန်လာသည့်အချုပ်ကား ပစ်ခတ်ခံရပြီး တရားရင်ဆိုင်နေသည့် အချုပ်သားများ ကယ်ထုတ်သွားခဲ့ကြောင်း သိရသည်။
သေနတ်ပစ်ခံရတဲ့အချုပ်ကားမှာ လမ်းဘေး ကျင်းထဲထိုးကျသွားသဖြင့် ကားမောင်းသူ ထိခိုက်ခဲ့ပြီး အချုပ်ကားပေါ်ပါ အချုပ်သားများ အားလုံး လွတ်မြောက်သွားခဲ့ကြောင်း ကနဦးသိရသည်။
နောင်တာလောကျေးရွာသည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားသည့်နေရာဖြစ်ပြီး ပျူစောထီး ကိုစိုင်းဆိုသူက ဦးဆောင်ကြောင်း သိရသည်။


I’m extremely impressed together with your writing skills and also with the structure on your blog. Is that this a paid topic or did you customize it your self? Either way stay up the nice high quality writing, it is rare to see a great weblog like this one today!