Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 25, 2025

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကြား ၊ နောင်တာလောရွာအနီးတွင် ရဲအချုပ်ကားကို သေနတ်ဖြင့် ပစ်ခတ်ပြီး အချုပ်သားများကယ်ထုတ်သွား

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကြား ၊ နောင်တာလောရွာအနီးတွင် ရဲအချုပ်ကားကို သေနတ်ဖြင့် ပစ်ခတ်ပြီး အချုပ်သားများကယ်ထုတ်သွား

ဖေဖော်ဝါရီ ၂၉၊ VOR

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကြား ၊ နောင်တာလောရွာအနီးတွင် ရဲအချုပ်ကားကို သေနတ်ဖြင့် ပစ်ခတ်ပြီး တရားရင်ဆိုင်နေသည့် အချုပ်သားများ ကယ်ထုတ်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၈ရက် နံနံ ၁၂ နာရီ မတိုင်ခင်အချိန်တွင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကြား ၊ နောင်တာလောရွာအနီးတွင် မြစ်ကြီးနားမြို့နယ် ခရိုင်တရားရုံးမှပြန်လာသည့်အချုပ်ကား ပစ်ခတ်ခံရပြီး တရားရင်ဆိုင်နေသည့် အချုပ်သားများ ကယ်ထုတ်သွားခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခံရတဲ့အချုပ်ကားမှာ လမ်းဘေး ကျင်းထဲထိုးကျသွားသဖြင့် ကားမောင်းသူ ထိခိုက်ခဲ့ပြီး အချုပ်ကားပေါ်ပါ အချုပ်သားများ အားလုံး လွတ်မြောက်သွားခဲ့ကြောင်း ကနဦးသိရသည်။

နောင်တာလောကျေးရွာသည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားသည့်နေရာဖြစ်ပြီး ပျူစောထီး ကိုစိုင်းဆိုသူက ဦးဆောင်ကြောင်း သိရသည်။

You may have missed