Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

ပြင်သစ်အစိုးရအနေဖြင့် မြန်မာကို လက်တွေ့ကျသောအကူအညီပေးနိုင်ရန်အပါအဝင် မြန်မာ့အရေး ပြင်သစ်အထက်လွှတ်တော်တွင် ဆွေးနွေး

ပြင်သစ်အစိုးရအနေဖြင့် မြန်မာကို လက်တွေ့ကျသောအကူအညီပေးနိုင်ရန်အပါအဝင် မြန်မာ့အရေး ပြင်သစ်အထက်လွှတ်တော်တွင် ဆွေးနွေး

ဖေဖော်ဝါရီ ၂၈၊ VOR

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင် တို့အဖွဲ့သည် ပြင်သစ်အထက်လွှတ်တော်တွင် ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizard နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Mr.Pascal Allizard သည် ၂၀၂၁ ခုနှစ်၊ ပြင်သစ်အထက်လွှတ်တော်တွင် NUG အစိုးရကို ပြင်သစ်အစိုးရမှ အသိအမှတ်ပြုရန်အဆိုကို ဦးဆောင်တင်းသွင်းခဲ့သူဖြစ်သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံပွဲ တွင် ဝန်ကြီးဒေါ်ဇင်မာအောင်မှ ပြင်သစ်အစိုးရအနေဖြင့်မြန်မာ့အရေးကို လက်တွေ့ကျသောအကူအညီပေးနိုင်ရန် နှင့် တော်လှန်ရေး၏ တိုးတက်မှုအခြေအနေ၊ မြေပြင်အခြေအနေများအပါအဝင် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပက်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အထက်လွှတ်တော် အမတ် Mr. Pascal Allizard အနေဖြင့်လည်း မြန်မာပြည်သူများဘက်မှ ဆက်လက်ရပ်တည်ပြီး ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်းနှင့် ဆက်လက် လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

You may have missed