Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
February 15, 2026

တမူးမြို့နယ် ကမ္ဘာလုံးစေတီရှိ SNA စခန်းကို PDF တို့ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်

တမူးမြို့နယ် ကမ္ဘာလုံးစေတီရှိ SNA စခန်းကို PDF တို့ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်

ဖေဖော်ဝါရီ ၂၈၊ VOR

စစ်ကိုင်းတိုင်း ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် တမူးခရိုင်၊ တမူးမြို့နယ် စပ်ကြား ကမ္ဘာလုံး‌စေတီရှိ SNA စခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ (၂၅) ရက်မှ (၂၆) ရက်ထိ စခန်းသိမ်း ပစ်ခတ် တိုက်ခိုက်ရာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် ၁စစ်ဒေသက သတင်းထုတ်ပြန်သည်။

၎င်းစခန်းကို စစ်ကောင်စီစစ်ကြောင်းမှူး- ဦးစီး SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၂) အင်အား (၆၀) ခန့် အခြေပြုစခန်းဖြစ်ပြီး တမူးခရိုင် ကွပ်ကဲရေး၊ တမူးခရိုင် တပ်ရင်း(၁)(၂)နှင့် KNA(B)က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အထူးလှုပ်ရှား တပ်ရင်း(၄)မှလည်း ပိတ်ဆို့ရေးတာဝန် ယူပေးခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်သား(၄) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရကာ စစ်ကောင်စီတပ်ထံမှ M-22 (၁) လက်၊ G-3 (၄) လက်၊ G-3 ကျည် (၆၇၅) တောင့်၊ 7.62*39 ကျည် (၂၃၅) တောင့်၊ 5.56 ကျည် (၁‌၇‌၂‌) တောင့်၊ နင်းမိုင်း (၁) ခု၊ ကတ်သီး (၃) ခု၊ M-22 ကျည်အိမ် (၂) ခု၊ G-3 ကျည်အိမ် (၁၀) ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်နေရာသို့ ဟုမ္မလင်းကနေ Mi-2 (၁) စီးဖြင့် (၂) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

You may have missed