ဖေဖော်ဝါရီ ၂၈၊ VOR
စစ်ကိုင်းတိုင်း ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် တမူးခရိုင်၊ တမူးမြို့နယ် စပ်ကြား ကမ္ဘာလုံးစေတီရှိ SNA စခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ (၂၅) ရက်မှ (၂၆) ရက်ထိ စခန်းသိမ်း ပစ်ခတ် တိုက်ခိုက်ရာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် ၁စစ်ဒေသက သတင်းထုတ်ပြန်သည်။
၎င်းစခန်းကို စစ်ကောင်စီစစ်ကြောင်းမှူး- ဦးစီး SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၂) အင်အား (၆၀) ခန့် အခြေပြုစခန်းဖြစ်ပြီး တမူးခရိုင် ကွပ်ကဲရေး၊ တမူးခရိုင် တပ်ရင်း(၁)(၂)နှင့် KNA(B)က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အထူးလှုပ်ရှား တပ်ရင်း(၄)မှလည်း ပိတ်ဆို့ရေးတာဝန် ယူပေးခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်သား(၄) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရကာ စစ်ကောင်စီတပ်ထံမှ M-22 (၁) လက်၊ G-3 (၄) လက်၊ G-3 ကျည် (၆၇၅) တောင့်၊ 7.62*39 ကျည် (၂၃၅) တောင့်၊ 5.56 ကျည် (၁၇၂) တောင့်၊ နင်းမိုင်း (၁) ခု၊ ကတ်သီး (၃) ခု၊ M-22 ကျည်အိမ် (၂) ခု၊ G-3 ကျည်အိမ် (၁၀) ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်နေရာသို့ ဟုမ္မလင်းကနေ Mi-2 (၁) စီးဖြင့် (၂) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ