Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 8, 2026

မင်းပြားမြို့ကိုသိမ်းရန် နောက်ဆုံးကျန်နေသည့် "တိုင်းဗဟို ၉"ကို AA သိမ်းပိုက်

မင်းပြားမြို့ကိုသိမ်းရန် နောက်ဆုံးကျန်နေသည့် “တိုင်းဗဟို ၉”ကို AA သိမ်းပိုက်

ဖေဖော်ဝါရီ ၂၈၊ VOR

ရက္ခိုင်ပြည်၊ မင်းပြားမြို့ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း” ကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၂၆ရက်မှာ အလုံးစုံသိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ် ။

ဒိ တိုင်း ဗဟို ၉ဟာ မင်းပြားမြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ဖို့ နောက်ဆုံးကျန်နေတဲ့ စခန်းလဲဖြစ်ပါတယ်။

တိုင်းဗဟို (၉) လို့ခေါ်တဲ့ အဲဲဒိသင်တန်းကျောင်း ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်က စပြီး ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဆယ်ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ မရပ်မနားခုခံတိုက်ခိုက်နေမှုနဲ့ လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွေ ရှိပေမယ်ြ့ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် ဆယ်ရက်အတွင်း တိုင်းဗဟို (၉) ကို စစ်ကောင်စီက လက်လွှတ်လိုက်ရတာပါ။

အဲ့ဒိ သင်တန်းကျောင်းအတွင်းကနေ စစ်ကောင်စီ အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုးစစ်အောင်ပွဲအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက်စွန့်လွှတ်ခဲ့ရသောသူများ အားလုံးကို ရက္ခိုင့်တပ်တော်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင် ထားတယ် လို့ ဆိုပါတယ်။

တိုင်းဗဟို ၉ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး နောက်နေ့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ စစ်ကောင်စီက မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီခွဲခန့် အချိန်တွင် မင်းပြားမြို့နယ်၊ သေကံကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ (၁၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

AA က ထိုးစစ်ဆင်တိုက်ခိုက်နေသော ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ ရန်သူ့စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း လည်း အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ရက္ခိုင်ဒေသစစ်မျက်နှာမှာ ၎င်းတို့ရဲ့ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနဲ့ တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရတဲ့အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာတွေမှာရှိတဲ့ အရပ်သားပြည်သူလူထုတွေနဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်နေတယ်လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ပြောဆိုထားပါတယ်။

You may have missed