Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
July 8, 2025

တပ်မတော်နေ့အခမ်းအနားမြင်ကွင်းတစ်ခု

ရခိုင်ကိုလေယာဉ်ဖြင့်ပို့လိုက်သည့် ဧရာဝတီတိုင်း ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် ပူးပေါင်းစစ်ကူစစ်ကြောင်းကို AAက ချေမှုန်းရာ စစ်သည် ၈၀ကျော် သေဆုံး

ဖေဖော်ဝါရီ ၂၇၊ VOR

မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်ဘက်မှ စစ်ကူပို့လိုက်သည့် ဧရာဝတီတိုင်း ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် ပူးပေါင်းစစ်ကူစစ်ကြောင်းကို AAက ချေမှုန်းသဖြင့် စစ်သည် ၈၀ကျော် သေဆုံးခဲ့ကြောင်း AA က ယနေ့သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ထိုးစစ်ကိုးရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ ပြီဖြစ်ပြီး ရက္ခိုင့်တပ်တော်မှလည်း အဆိုပါလေ့ကျင့်ရေးသင်တန်းကျောင်း၏ အစိတ်အပိုင်းများစွာကို သိမ်းပိုက်ရယူ ထားရှိပြီးဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်မှလည်း လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ကြိမ်ဖန်များစွာ မရပ်မနားခုခံ တိုက်ခိုက်နေသော်လည်း အဆိုပါ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ရက္ခိုင့်တပ်တော်၊ အာရက္ခစစ်သည်တော်များမှ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် စစ်ကူအဖြစ်ပေးပို့ခဲ့သော စစ်ကောင်စီ၏ အနောက်တောင်တိုင်း စစ်ဌာန ချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကူစစ်ကြောင်းအား ယနေ့တွင်လည်း ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

ဖေဖော်ဝါရီ (၂၄/၂၅) နှစ်ရက်အတွင်း အဆိုပါစစ်ကူစစ်ကြောင်းမှ အင်အား (၆၀) ကျော်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် အင်အား (၂၀) ကျော်ကိုလည်းကောင်း မိမိတို့မှ ချေမှုန်းထားပြီးဖြစ်သဖြင့် သုံးရက်အတွင်း အဆိုပါစစ်ကူ စစ်ကြောင်းမှ အင်အား (၈၀) ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ထို့အတူ ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေသော အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လည်း ဆက်လက်ချေမှုန်းလျက်ရှိပြီး ၎င်းစစ်ကူစစ်ကြောင်းအား ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ စစ်ကူချပေးနေစဉ်အတွင်း ဂျက်တိုက်လေယာဉ်များဖြင့် လမ်းကြောင်းရှင်း ကာကွယ်ပစ်ခတ် တိုက်ခိုက်ထားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် လေကြောင်း (Y-12) မှ တစ်ဆင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီလ (၂၆) ရက်၊ နေ့လည်ပိုင်းတွင် ရမ်းဗြဲမြို့အတွင်းရှိ ၎င်းတို့တပ်ဖွဲ့ဝင်များထံလာရောက်ချခဲ့သော်လည်း အဆိုပါပစ္စည်းများ ကို ရက္ခိုင့်တပ်တော်က သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့အပြင် လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ “ခမရ (၅၅၀) တပ်ရင်းဌာနချုပ်” ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသလို တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ (ဒုတိယနေ့အဖြစ်) ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ ကြောင်း သိရသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ခမရ ( ၅၅၂) တပ်ရင်း” ကိုလည်း ရက္ခိုင့်တပ်တော်မှ (တတိယနေ့အဖြစ်) ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

တပ်မတော်နေ့အခမ်းအနားမြင်ကွင်းတစ်ခု

You may have missed