ဖေဖော်ဝါရီ ၂၇၊ VOR
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများအား ဖေဖော်ဝါရီလ (၂၁) ရက်မှ (၂၄) ရက်ထိ ၄ရက်တာ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား (၃၀) ကျော် သေဆုံးခဲ့ကြောင်း အမှတ် ၁စစ်ဒေသက သတင်းထုတ်ပြန်သည်။
တန့်ဆည်မြို့မှ ထွက်လာသော ခမရ-၃၆၁ နှင့် ပျူစောထီး အင်အား (၁၀၅) ဦးအား ဝါးရငယ်ရွာ အနောက်ဘက်နှင့် ခရမ်းခြံရွာအနီးတွင် အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် တပ်ရင်းနှင့် တန့်ဆည်မြို့နယ် ပကဖ တို့မှ ပစ်ခတ် တိုက်ခိုက်ရာ စစ်အုပ်စု(၁၀) ဦး သေဆုံးပြီး (၉) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့ပြင် ကံထူးမရွာမှ ထွက်လာသော ခမရ (၁၁၊ ၇၀၈) အင်အား (၅၀) ခန့်အား ပဲခင်းကြီးရွာအနီးတွင် အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးနှင့် ရွှေဘိုခရိုင် တပ်ရင်းများမှ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား (၆) ဦး သေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၂၁) ရက်တွင်လည်း ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နှင့် ပျူစောထီး အင်အား (၃၀) ခန့်ရှိ ကံထူးမရွာ ရဲစခန်းအား အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေး မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၁၁) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
၎င်းရဲစခန်းမှ G-3 (၅) လက်၊ နာနတ်သီးဗုံး (၄) လုံး၊ MA-15 ကျည် (၁၆၃၅) တောင့်၊ ကျည်အိမ် (၁၂) ခု၊ ကျပ်ငွေ (၃၈) သိန်း သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
၎င်းတိုက်ပွဲသို့ တံတားဦး၊ နမ့်စန်၊ နမခ၊ တောင်ငူ၊ နေပြည်တော်မှ လာသည့် ဂျက်တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၃) ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ကံထူးမရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၂၂) ရက်နှင့် (၂၃) ရက်များတွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် ခမရ (၁၁၊ ၇၀၈) နှင့် ပျူစောထီး အင်အား (၈၀) ခန့်အား ရွှေဘိုခရိုင် တပ်ရင်းများမှ ပစ်ခတ် တိုက်ခိုက်ရာ စစ်အုပ်စု (၇) ဦး သေဆုံးပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ