Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 16, 2025

ဆင်းဆင်းရဲရဲလုပ်ကိုင်စုဆာင်းထားသမျှ ပစ္စည်းဥစ္စာအားလုံး မီးရှို့ခံလိုက်ရသောကြောင့် လက်ဗလာနှင့် အခက်အခဲများစွာကြုံ တွေ့နေကြရ ပြည်သူပိုင် တန်ဘိုးကြီးပစ္စည်းများကိုပါ ခိုးယူခဲ့သည့် ၎င်းစစ်ကြောင်း အောင်ချမ်းသာရွာနှင့် ကြောင်ဝင်ဒူးရွာအတွင်း ညအိပ်တပ်စွဲနေလျက်ရှိနေကြောင်း သိရ

ဆင်းဆင်းရဲရဲလုပ်ကိုင်စုဆာင်းထားသမျှ ပစ္စည်းဥစ္စာအားလုံး မီးရှို့ခံလိုက်ရသောကြောင့် လက်ဗလာနှင့် အခက်အခဲများစွာကြုံ တွေ့နေကြရ

ဖေဖော်ဝါရီ ၂၇၊ VOR

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆာင် နေအိမ်အပါအဝင် သစ်စက်ဝန်ထမ်းအိမ်ရာများအားလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သောကြောင့် မိသားစု(၅)စု ခိုးကိုးရာမဲ့‌နေထိုင်ရာမဲ့ဖြစ်သွားကြောင်း ပုလဲမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် မင်းတိုင်ပင် ကျေးရွာအတွင်းပြန်လည်ဝင်ရာက်ပြီး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆာင် ဦးဇော်ထက်နေအိမ် နေရာအနှံ့အပြား မီးရှို့သွားခဲ့သည့်အပြင် ပြည်သူပိုင်နေအိမ်တစ်လုံး၊ နိုင်ငံဝောာ်ပိုင် သစ်စက်အဆောက်ဦးများ၊ သစ်စက်ဝန်ထမ်းအိမ်ရာများအားလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

သစ်စက်ဝန်ထမ်းအိမ်ရာများအားလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သောကြောင့် ၎င်းဝန်ထမ်းအိမ်ရာများကိုမှီခိုနေထိုင်နေကြရသော ဆွေးမျိုးမရှိ၊ အားကိုးမရှိ မိသားစု(၅)စု ခိုးကိုးရာမဲ့‌နေထိုင်ရာမဲ့ ဖြစ်သွားရသည့်အပြင် ဆင်းဆင်းရဲရဲလုပ်ကိုင်စု

‌ေဆာင်းထားသမျှ ပစ္စည်းဥစ္စာအားလုံး မီးရှို့ခံလိုက်ရသောကြောင့် လက်ဗလာနှင့် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု ပုလဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ခက်ခဲနေသော မိသားစု(၅)စုကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်၊ လူသားစာနာတာဝန်ခံနှင့်အတူ ပုလဲမြို့နယ် ပလဖတို့မှ ယာယီအားဖြင့် ဆန်တစ်အိတ်၊ဆီတစ်ပုံး ထောက်ပံ့ကူညီ‌ပေးထားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၅ရက်နေ့ တွင် မြေနီကုန်း၊ ထန်းတောတိုက်၊ သရက် ကျေးရွာရှိပြည်သူပိုင်စ္စည်းများကို ဇီးဖြူကုန်းပျူစောထီး‌ကျေးရွာ ပျူစောထီးများက လှည်းနွားများဖြင့် ခိုးယူသယ်ဆောင်သွားကြောင်းသိရရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပျူစောထီးများသည် ပြည်သူပိုင် ပစ္စည်းဥစ္စာများကို လှည်းနွားများဖြင့်ခိုးယူသယ်ဆောင်သွားခဲ့ကြသောကြာင့် တန်ဖိုးကြီးပစ္စည်များ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဝါးကြီးတောကျေးရွာသို့ ရောက်ရှိသွားပြီး ကန့်ဒေါင့်အတွင်းရှိ စစ်တပ်အထိုင်တပ်များမှ ဝါးကြီးတောကျေးရွာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွားပြီးနာက် အောင်ချမ်းသာ ကျေးရွာနှင့်‌ကြောင်ဝင်ဒူးကျေးရွာ အတွင်းသို့ နှစ်ဖွဲ့ခွဲဝင်ရာက်ကာ ယခုအချိန်ထိ အောင်ချမ်းသာ ကျေးရွာနှင့်ကြောင်ဝင်ဒူးကျေးရွာအတွင်း ညအိပ်တပ်စွဲနေလျှက်ရှိနေကြောင်း သိရသည်။

ယင်းစစ်တပ်စစ်ကြောင်းသည် ပုလဲမြို့နယ် ကျေးရွာများအတွင်း ဝင်ရောက်မီးရှို့၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူသယ်‌ဆောင်နေပါသဖြင့် ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းများကို နားစွင့်ပြီး မိမိပိုင်ပစ္စည်းဥစ္စာများကို သယ်ဆောင်ကာ စစ်ကြောင်းနှင့်ဝေးရာသို့ ကြိုတင်သတိထား‌ရှောင်ကျဉ်ကြရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတိပေးလိုက်သည်။

You may have missed