ဖေဖော်ဝါရီ ၂၇၊ VOR
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ သစ်ဖုလဘုရာကုန်း စစ်စခန်းကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၎င်းသစ်ဖုလစခန်းကုန်းအား သိမ်းယူနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း Kawlin People Defence Force-KLPDF က သတင်းထုတ်ပြန်သည်။
ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာအနီး ရွှေဘို မြစ်ကြီးနားလမ်းမကြီးဘေး သစ်ဖုလဘုရားကုန်းတွင်၂ နှစ်ကျော်ကြာတပ်စွဲထားသော စစ်တပ်စခန်းအား တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များမှ ဖေဖော်ဝါရီ ၂၃ရက် ရက် နံနက် ၅ နာရီ အချိန်မှစ၍ သိမ်းယူရန်တိုက်ခိုက်လျက်ရှိရာ ၃ ရက်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်မှ ဟောင်ဝင်ဇာဖြင့် ၁၀ ကြိမ်ကျော် နှင့် လေယာဥ် ပစ်ကူအား ညနေ ၄ နာရီခန့်မှည ၇နာရီထိ JF သုံးစင်းဖြင့် ဗုံးသီးများချကာ စက်သေနတ်များအထိ ပစ်ကူပေးနေသော်လည်း သစ်ဖုလစခန်းကုန်းအား သိမ်းယူနိုင်ရန် ဆက်လက်ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။
စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်၍ ကျောက်တန်းရွာရှိ လူနေအိမ် ၄ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။




More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ