Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 25, 2025

ဟိုပုန်းတိုက်ပွဲအတွင်း ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးအပါအဝင် စစ်သား ၁၆ဦးသေဆုံး

ဟိုပုံးတိုက်ပွဲအတွင်း ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးအပါအဝင် စစ်သား ၁၆ဦးသေဆုံး

ဖေဖော်ဝါရီ ၂၆၊ VOR

ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးအပါအဝင် စစ်သား ၁၆ဦးသေဆုံးခဲ့ကြောင်း PNLA က ယနေ့ သတင်းထုတ်ပြန်သည်။

ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)စစ်ကြောင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်သဖြင့် ယမန်နေ့တွင် မနက် ၁၀ နာရီမှ ညနေ ၃း၄၀ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲဖြစ်ပွားသည့် နေရာကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)စစ်ကြောင်းမှ ရှင်းလင်းမှုပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၆ လောင်းကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီသည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲကာ မဲနယ်တောင်ဒေသ နှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် တနေကုန်နီးပါးဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ယမန်နေ့တွင်ပင် ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အလွန်ရိုးသားငြိမ်းချမ်းစွာ နေထိုင်တတ်သည့် ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များသည် ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်။ ထိုလုပ်ရပ်များသည် ပအိုဝ်းလူမျိုးများ၏ နှလုံးသည်းအူကို မီးရှို့နေသည့် လုပ်ရပ်ပင်မက ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်း တိုက်ဖျက်နေသည့်အချိန်ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို အသက်ပေး ကာကွယ်ပေးနေရသည့် မိမိ၏ လုပ်ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် ထပ်မံတိုက်တွန်းထားသည်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟုလည်း ကြေညာထားသည်။

You may have missed