Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 13, 2025

ရဲဘော် နိုဘယ်အေးနှင့် ရဲဘော် လေးခွင်း ကျဆုံးခြင်းအတွက် အလှူဒါနပြု ဂုဏ်ပြုအောက်မေ့ မှတ်တမ်းတင် မော်ကွန်းထိုးခြင်း အခမ်းအနားပြုလုပ်

ရဲဘော် နိုဘယ်အေးနှင့် ရဲဘော် လေးခွင်း ကျဆုံးခြင်းအတွက် အလှူဒါနပြု ဂုဏ်ပြုအောက်မေ့ မှတ်တမ်းတင် မော်ကွန်းထိုးခြင်း အခမ်းအနားပြုလုပ်

ဖေဖော်ဝါရီ ၂၆၊ VOR

ရဲဘော် နိုဘယ်အေးနှင့် ရဲဘော် လေးခွင်း ကျဆုံးခြင်းအတွက် အလှူဒါနပြု ဆွမ်းဆက်ကပ်ခြင်းနဲ့ ဂုဏ်ပြုအောက်မေ့ မှတ်တမ်းတင် မော်ကွန်းထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ထိုင်းနိုင်ငံ မဲဆောက်မြို့ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

မနိုဘယ်အေးသည် ၁၉၉၆ – ၉၈ မျိုးဆက် နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင် ဝေါမြို့တရားရုံးတွင် စစ်ကောင်စီက ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက် ၊ ည ၁၁ နာရီ ဝန်းကျင်အချိန်တွင် မြဝတီမြို့မှ မောင်းနှင်လာသည့် ယာဉ်မောင်း အောင်ကိုမင်း ၊ အသက် ၂၀ နှစ်၏ ဟိုင်းလက်ကားကို ပဲခူးမြို့အဝင်တွင် စစ်ကောင်စီတပ်ဖွဲ့က ရပ်တန့်ရှာဖွေစစ်ဆေးကာ ကားပေါ်မှာပါလာသည့် နိုဗယ်အေး ( ခေါ် ) မနှင်းမေအောင် ၊ အသက် ၄၉ နှစ် ကို ဆာလာအိတ်အကြီးနှစ်လုံးဖြင့် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မနိုဘယ်အေး ( ခေါ် ) မနှင်းမေအောင်သည် ၁၉၉၆ / ၁၉၉၈ မျိုးဆက်ကျောင်းသူဟောင်းဖြစ်သလို တက်ကြွလှုပ်ရှားသူဟောင်းတစ်ယောက်ဖြစ်ပြီး ၊ ၁၉၉၆ ခုနှစ်မှာ ပထမအကြိမ် ၊ ၂၀၀၇ ခုနှစ်မှာ ဒုတိယအကြိမ် ၊ စုစုပေါင်းနှစ်ကြိမ်တိုင် အရင်က ဖမ်းဆီးထောင်ချခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ယောက် ဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က မနိုဗယ်အေး ( ခေါ် ) မနှင်းမေအောင်က ၁၉၉၆/၁၉၉၈ မျိုးဆက် ကျောင်းသားလူငယ်ဟောင်းများ၏ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တစ်ခုဖြစ်သည့် Myanmar Institute for Democracy – MID ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဒါရိုက်တာတစ်ယောက်အဖြစ် တာဝန်ယူခဲ့သည်။

ဓာတ်ပုံ-စံစံ

You may have missed