Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

ရန်ကုန်-ထားဝယ် အမှတ်(၈) ကားလမ်းပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ် စခန်းကုန်းအား SFZ Drone ဖြင့်တိုက်ခိုက်

ရန်ကုန်-ထားဝယ် အမှတ်(၈) ကားလမ်းပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ် စခန်းကုန်းအား SFZ Drone ဖြင့်တိုက်ခိုက်

ဖေဖော်ဝါရီ ၂၆၊ VOR

ရန်ကုန်-ထားဝယ် အမှတ်(၈) ကားလမ်းပေါ်ရှိ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားတွင် တည်ရှိသော မလွှဲတောင်စစ်ဆေးရေးဂိတ် စခန်းကုန်းအား SFZ Drone ဖြင့် ဗုံးသီး (၇)လုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Mon State Revolutionay Force-MSRFက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက် ၉:၃၀နာရီ အချိန်တွင် (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အား ဂုဏ်ပြုသောအားဖြင့် ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄)၏ ဒရုန်းတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF ၊ Ye Air Force (YAF) ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်၁ တပ်ရင်း SKY ghost drone force တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးသီး(၂)လုံးမှာ စစ်ဆေးရေးဂိတ်ပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး အခြေကုပ်ရာ စခန်းကုန်းအတွင်း ဒရုန်းဗုံးသီး (၅)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ညနေ ၃ နာရီအထိ လမ်းပိတ်ထားခဲ့ကြောင်းသိရသည်။

ထိခိုက်မှုနှင့် ပျက်စီးမှုအခြေအနေများကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး ဤစစ်ဆင်ရေးသည် ယမန်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးဖြစ်သည်ဟု ဆိုသည်။

KBDF Drone တပ်ဖွဲ့နှင့်ပူး‌ပေါင်းမဟာမိတ်တပ်ဖွဲ့တို့သည် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်-ထားဝယ် အမှတ်(၈) ကားလမ်းပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ် စခန်းကုန်းအား SFZ Drone ဖြင့်တိုက်ခိုက်

You may have missed