ဖေဖော်ဝါရီ ၂၆၊ VOR
ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို KNLA နှင့် PDF နှင့် ဒရုန်း ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ အားအံ – မြဝတီ (အာရှလမ်းပိုင်း) နှင့် မြို့ပေါ် ဧရိယာ ၆၀ % ကို စိုးမိုးထိန်ချုပ်ထားလျက်ရှိကြောင်း အထူးစစ်ဆင်ရေးအဖွဲ့ SOF ထံက သိရသည်။
KNU တပ်မဟာ (၆) နယ်မြေ၊ ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်းများ၊ ဂိတ်စခန်းများအား၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ KNLA နှင့် PDF နှင့် ဒရုန်း ပူးပေါင်းတပ်များမှ စတင်ထိုးစစ်ဆင်၍ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၄င်းပူးပေါင်းစစ်ဆင်ရေးကာလအတွင်း ဒီဇင်ဘာ ၁ရက်နေ့တွင် ကော့ကရိတ်တောင်ဘက်ခြမ်းရှိ ကော့နွယ်စခန်းကုန်း နှင့် လှိုင်ဝတံတားဂိတ်၊ ကြာပန်းဂိတ်၊ ဒီဇင်ဘာ ၄ရက်နေ့တွင် ကော့ကရိတ်မြောက်ဘက်ခြမ်းရှိ စစ်တပ်အထိုင်ချတပ်စွဲထားသော အမှတ် (၃) ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဘားအံ – မြဝတီ (အာရှလမ်း)ပေါ်ရှိ ကမိုင်ကုန်းသင်္ချိုင်းကုန်းတွင်တပ်စွဲထားသော အထိုင်စခန်း၊ ဇန်နဝါရီ ၂၇ရက်နေ့တွင် ကော့ကရိတ်ချောင်းတောင်ရပ်ကွက်ရှိ စာသင်ကျောင်းတွင်တပ်စွဲထားသောနေရာ၊ နှင့် ဇန်နဝါရီ ၂၈ရက်နေ့တွင် တောင်ကြာအင်းရဲစခန်း၊ ဖေဖော်ဝါရီ ၂ရက်နေ့တွင် ဘားအံ – မြဝတီလမ်း (အာရှလမ်းပိုင်း) ပေါ်ရှိ စစ်ကောင်စီ၏အထိုင်စခန်းများဖြစ်သော ရေကူးကန် နှင့် ဆီဆိုင် ဂိတ်စခန်းများအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါစခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆောင်ရွက်ကာ အားအံ – မြဝတီ (အာရှလမ်းပိုင်း) နှင့် မြို့ပေါ် ဧရိယာ ၆၀ % ကို စိုးမိုးထိမ်းချုပ်ထားလျှက်ရှိကြောင်း သိရသည်။
ယနေ့အချိန်အထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ချအညံ့ခံသူ (၁၄) ဦးရှိပြီဖြစ်ကာ သေဆုံးသူအရေအတွက် (၃၀) ဦး၊ ဒဏ်ရာရသူ အများအပြားနှင့် ရန်သူ့လက်နက် (၄၆) လက်ကို KNLA၊ SOF နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် (၇) ဦး မြင့်မြတ်စွာအသက်ပေးလှုခဲ့ရပြီး စစ်ကောင်စီတပ်၏ လေယာဥ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူ (၃) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ နေ့စဥ်ပစ်ခတ်လျှက်ရှိပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြည်သူလူထုပစ္စည်းများအား ခိုးယူလျှက်ရှိသည်ဟု ဆိုသည်။
ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ရှောင်တိမ်းနေရပြီး KNU မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် MOD ၏ ပြည်သူလူထုလုံခြုံရေးဌာနတို့ပူးပေါင်းကာ ကူညီထိမ်းသိမ်းစောင့်ရှောက်ထားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ