ဖေဖော်ဝါရီ ၂၆၊ VOR
KNU/KNLA တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီ၏ မော်ဖူး(ရိုးစလင်းစခန်း)ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၏စစ်ရေးဦးဆောင်မှုဖြင့် FFD Drone တပ်ဖွဲ့မှ ယနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
FFD Drone တပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှစတင်ကာ (၂၄)ရက်နေ့အထိ Drone ဖြင့် ဗုံးသီးအလုံးပေါင်း (၄၀)ကျော်ကြဲချကာ စစ်ရေးဖိအားပေးခဲ့သည်။ KNLAတပ်ဖွဲ့မှလည်း စနိုက်ပါဖြင့် ဖိအားပေးတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
Drone ဖြင့် ဆက်တိုက်တိုက်ခိုက်ကာ စစ်ရေးဖိအားပေးပြီး ၁ပတ်အကြာ ဖေဖော်ဝါရီ(၂၄)ရက်နေ့ မနက်အစောပိုင်းတွင် အင်အား(၄၀)ခန့်ရှိသော စစ်ကောင်စီတပ်သားများသည် စခန်းတွင်ဆက်လက်မနေနိုင်တော့ဘဲ စခန်းအားစွန့်၍ဆုတ်ခွါသွားကြောင်းသိရသည်။
KNLAနှင့် FFD တပ်ဖွဲ့များ စခန်းအားနယ်မြေရှင်းလင်းရေးသွားခဲ့ရာ ၆၀မမ အလုံး(၆၀)နှင့် ရှေ့ထွက်မိုင်း(၃)လုံးကိုသိမ်းယူရရှိခဲ့ကြောင်း မြေပြင်ရဲဘော်များထံမှသိရသည်။
မော်ဖူး(ရိုးစလင်းစခန်း)သည် ရိုးစလင်းချောင်းဘေးတွင်တည်ရှိပြီး ၁၉၉၅ခုနှစ်တည်းက အထိုင်ချတပ်စွဲထားခြင်းဖြစ်သည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ