Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
February 15, 2026

ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ စခန်းများအား တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီဗိုလ်ကြီး (၁) ဦးအပါအဝင် (၁၅) ဦး သေဆုံး

ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ စခန်းများအား တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီဗိုလ်ကြီး (၁) ဦးအပါအဝင် (၁၅) ဦး သေဆုံး

ဖေဖော်ဝါရီ၂၆၊ VOR

ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ အခြေပြုစခန်းများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၁) ဦးအပါအဝင် (၁၅) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် ၁စစ်ဒေသက သတင်းထုတ်ပြန်သည်။

ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ အခြေပြုစခန်းများအား ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ (၂၁) ရက်မှ (၂၃) ရက်ထိ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြကြောင်း သိရသည်။

၎င်းစစ်ကောင်စီ အခြေပြုစခန်းများမှာ ဗက မင်းခန့်ဇင် ဦးစီး ဒကစ (ကလေး) လက်အောက်ခံ ထုတ်နုတ်အင်အား (၃၀) ဦးရှိ စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့ ဖြစ်သည်ဟု သိရသည်။

၎င်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၁) ဦးအပါအဝင် (၁၅) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု သိရသည်။။

စစ်ကောင်စီတပ် ထံမှ လက်နက်ငယ် (၁၀) လက်၊ RPG-7 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ဗုံးမျိုးစုံ (၉) လုံး၊ 7.62 ကျည် (၃၈၈) တောင့်၊ 5.56 ကျည် (၆၄၁) တောင့်၊ ကျည်အိမ် (၄) ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

You may have missed