ဖေဖော်ဝါရီ ၂၄၊ VOR
ပဲခူးတိုင်း၊ ပြည်မြို့ မှုခင်းရဲတပ်ဖွဲ့အိမ်ယာတွင် ဗုံး ၈ လုံး ရှေ့နောက်ဆင့်ပေါက်ကွဲမှုဖြစ်ပေါ်ပြီး မှုခင်းရဲ ၁ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Pyayundergroundnews က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နံနက် အစောပိုင်း ၄ နာရီကျော်၀န်းကျင်ခန့်က ပြည်မြို့၊ ကညနရုံးအနောက်ဘက် မှုခင်းရဲတပ်ဖွဲ့တန်းလျားတွင် ဗုံး ၈ လုံး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကညန ရုံးတွင် စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး ယခုဗုံးပေါက်ကွဲမှုကြောင့် မှူခင်းရဲ ၁ဦး သေဆုံးကာ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းပေး တစ်ဦးထံမှ သိရှိရသည်။
“ဒီ မစ်ရှင်ကိုလုပ်တဲ့အဖွဲ့က မလုပ်ခင်ကတည်းက သူတို့ကြိုပြီးပြောလို့ သတင်းရထားတယ်။ ဒါကြောင့် မနေ့က တံတားပေါ်မှာ လုံခြုံရေးတွေတင်းကြပ်ပြီး ဖြတ်သန်းတဲ့သူတွေအကုန်လုံးကို မှတ်ပုံတင်ပြပြီးလက်မှတ်ထိုးပြီးမှ ဖြတ်သန်းခိုင်းတယ်။ မြို့ထဲမှာလဲ လုံခြုံရေးတင်းကြပ်ထားတယ်။ ဒီလို လုံခြုံရေးတင်းကြပ်တဲ့ကြားထဲကနေကို သူတို့က ကြေညပြီးမှ လုပ်သွားတာဗျ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လူနာတင်ယာဉ်ကို အသံပိတ်ပြီး ပြည်မြို့ကုတင် ၁၀၀ စစ်ဆေးရုံကြီးကို ခေါ်သွားတယ်။ တစ်ယောက်ကတော့ အသက်မမှီတော့ဘူး”ဟု တပ်တွင်းသတင်းပေးတစ်ဦးက ပြောသည်။
အဆိုပါစစ်ဆင်ရေးကို ပြည်ခရိုင် တပ်ရင်း ၃၆၀၂ လက်အောက်ခံ မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုကဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ဗုံး ၈ လုံး ခွဲခဲ့တယ်၊ ၈ လုံးမှာ အသံမိုင်း ၄ လုံးနဲ့ လက်လုပ် ၄ လုံးကို တွဲသုံးထားတာပါ၊ ဒါကြောင့်လဲ သူတို့ အထိအခိုက်အတော်များတာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။
ဗုံးပေါက်ကွဲပြီးနောက် တပ်လော်ဘီချန်နယ်များမှ အသံမိုင်းဖြစ်သည်ဟု ဝါဒဖြန့်ထားကြောင်း သိရသည်။


I am extremely inspired with your writing skills and also with the layout in your blog. Is this a paid theme or did you modify it your self? Either way keep up the excellent high quality writing, it’s rare to look a nice weblog like this one these days!