ဖေဖော်ဝါရီ ၂၄၊ VOR
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိသွားကြောင်း ပြည်ခရိုင် (၃၆၀၁) PPDFတပ်ရင်းက သတင်းထုတ်ပြန်သည်။
အင်အား (၂၆) ဦးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၃ရက်၊ နေ့လည် ၁၁နာရီခွဲအချိန်တွင် နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာစဉ် လက်ပံခုန်ရွာ အနောက်ဘက်၊ နတ်ရေတွင်းရွာ တောင်ဘက် ထန်းပင်ကွင်းနေရာ အရောက် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း၊ Sniperအဖွဲ့နှင့် တပ်ခွဲ (၁) တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ (၁) ဦး သေဆုံးပြီး (၁) ဦး ဒါဏ်ရာရရှိသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ အထိနာပြီး ၎င်းတို့ရဲ့ သေဆုံးအလောင်းနဲ့အတူ လက်ပံခုန်ရွာကို မီးရှို့ဖျက်စီးခဲ့သောကြောင့် ရွာရှိ နေအိမ် ၇လုံး ပျက်စီးသွားပြီး ယာတဲတိုက် ၁၅လုံးပျက်စီးသွားကြောင်း သိရသည်။
ချောင်းမြောင်းတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးဘက်တွင် စစ်ရေးအရှိန် မြင့်တင်နေပြီ ဖြစ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများ ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ထံ အမြန်ဆုံး ခိုလှုံကြရန် တိုက်တွန်းထားသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ