Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 25, 2025

ထမ်းဆန်းဂူအပေါ်ဘက်ရှိ စစ်ကောင်စီ၏ လွယ်ဝိုးတုတ်စခန်းကို PNLA တပ်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က ထမ်းဆန်းဂူဒေသနှင့် ထမ်းဆန်းရွှေတိဂုံစေတီတော်တွင် လက်နက်ကြီးများအထိုင်ချကာ ပစ်ခတ်နေ

ထမ်းဆန်းဂူအပေါ်ဘက်ရှိ စစ်ကောင်စီ၏ လွယ်ဝိုးတုတ်စခန်းကို PNLA တပ်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က ထမ်းဆန်းဂူဒေသနှင့် ထမ်းဆန်းရွှေတိဂုံစေတီတော်တွင် လက်နက်ကြီးများအထိုင်ချကာ ပစ်ခတ်နေ

ဖေဖော်ဝါရီ ၂၄၊ VOR

ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ အကြား ထမ်းဆန်းဂူအပေါ်ဘက်ရှိ စစ်ကောင်စီနှင့်ပြည်သူ့စစ်များ ပူးတွဲတပ်စွဲထားသည့် လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ စခန်း၁ခုကို သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် ပူးတွဲအဖွဲ့သည် ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ကြောင်းကို လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုသို့ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ စစ်ကောင်စီနှင့်ပြည်သူ့စစ်များ ပူးတွဲတပ်စွဲထားသည့် လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ စခန်း၁ခုကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီနှင့်ပြည်သူ့စစ်များထံမှ RPG ၁ လက်၊ ပစ္စတို ၁ လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်တောင်ပိုင်း ဟိုပုန်းမြို့နယ် ထမ်းဆန်းဂူဒေသနှင့် ထမ်းဆန်းရွှေတိဂုံစေတီတော်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ခရီးသွားပြည်သူများ၏ ကားများအား ပစ်ခတ်ခြင်းများကိုလည်း ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု TNLA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်ပြီး မိုင်းပွန်တွင် စစ်တပ်၊ လက်အောက်ခံPNO တပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက ဘာသာရေးဆိုင်ရာ နေရာများမှ လက်နက်ကြီးများပစ်ခတ်နေရာ ဖေဖော်ဝါရီ ၂၁ရက်နေ့တွင် ဟိုပုံး-မိုင်းပွန် ကားလမ်း‌ပေါ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလွန်ရိုးသားငြိမ်းချမ်းစွာ နေထိုင်တတ်သည့် ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များသည် ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်။ ထိုလုပ်ရပ်များသည် ပအိုဝ်းလူမျိုးများ၏ နှလုံးသည်းအူကို မီးရှို့နေသည့် လုပ်ရပ်ပင်မက ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေခြင်းဖြစ်သည်ဟု PNLA က ဆိုသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်း တိုက်ဖျက်နေသည့်အချိန်ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို ကာကွယ်ပေးနေရသည့် မိမိ၏ လုပ်ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် ထပ်မံတိုက်တွန်းထားသည်။

ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် ဆီဆိုင်မြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

You may have missed