Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
May 24, 2025

စစ်ကောင်စီနှင့် ဆွေးနွေးမှုများ မထိရောက်ခဲ့သဖြင့် ယခုလို အခြေအနေထိ ဖြစ်လာကြောင်း SSPP/SSA၏ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုပြော

စစ်ကောင်စီနှင့် ဆွေးနွေးမှုများ မထိရောက်ခဲ့သဖြင့် ယခုလို အခြေအနေထိ ဖြစ်လာကြောင်း SSPP/SSA၏ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုပြော

ဖေဖော်ဝါရီ ၂၄၊ VOR

စစ်ကောင်စီနှင့် ဆွေးနွေးမှုများ မထိရောက်ခဲ့သဖြင့် ယခုလိုအခြေအနေထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုပြောဆိုလိုက်သည်။

SSPPပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုက People Spring ၏ မေးမြန်းခန်းတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဆွေးနွေးမှုက ထိရောက်မှုရှိလို့ရှိရင် ဒီလိုမျိုး အခြေအနေ ရောက်မလာဘူးဗျ။ ဆွေးနွေးတာ အဖြေမရခဲ့ဘူး။ ရလဒ်မရခဲ့ဘူး။ အချိန်ဆွဲတာ သပ်သပ်ပဲဖြစ်သွားတယ်။ ဆိုတော့ အခုလို ပုံစံကြတော့ ကျနော်တို့က နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်တိုက်တွန်းတယ်။ ကျနော်တို့ ထုတ်ပြန်ချက် အကြိမ်ကြိမ်နဲ့ ကျနော်တို့ တိုက်တွန်းထားတာရှိတယ်။ ခြောက်လပတ်နဲ့ နှစ်ချုပ်အစည်းအဝေးတွေကအစ ကျနော်တို့က ကျနော်တို့ သဘောထား အမြင်ထုတ်ပြန်လျက်ရှိပါတယ်။ ကျနော်တို့ကအေးအေးချမ်းချမ်းနဲ့ ဖြေရှင်းသွားချင်တယ်။ ကျနောတို့က နိုင်ငံရေးပြဿနာက စလာတာကိုး။ နိုင်ငံရေးပြဿနာက စလာတဲ့ အရင်းခံပြဿနာကို ဖြေရှင်းရမယ့် ကိစ္စ ဖြစ်တယ်။ အပေးအယူမှာ အယူပဲ ရှိတယ် အပေးမရှိဘူးဆိုရင်လည်း မဖြစ်ပြန်ဘူး။ ကျနော်တို့က လိုချင်တာက အတူယှဉ်တွဲနေထိုင်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ချင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ကျနော်တို့က ဖက်ဒရယ်ကို အရင်ဖြစ်ချင်တယ်။”ဟု ဗိုလ်မှူးကြီးစိုင်းဆုက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် SSPP/SSA ရှိသည့် နေရာများတွင် စစ်ရေးအရလှုပ်ရှားမှုများမရှိသေးသော်လည်း စစ်ကောင်စီက ထိုးစစ်ဆင်လာလျှင်တော့ ပါဝင်မည်ဟု ၎င်းကဆိုသည်။

” ကျနော်တို့က ပါတယ်၊ မပါဘူး မပြောချင်ပါဘူး။ ကျနော်တို့က ပါလို့ရှိရင် အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်။”ဟု People Spring ၏ မေးမြန်းခန်းတွင် ဖြေကြားထားသည်။

အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေး ဝါဒနာများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလက SSPP/SSA က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၁ရက်နေ့တွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA အနေဖြင့် အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း လာရေး တိုက်ပွဲဝင်နေပြီး တော်လှန်လိုသော ပြည်သူများကို ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း SSPP/ SSA က ဖိတ်ခေါ်ထားသည်။

ယခု လက်ရှိအခြေအနေတွင် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုများသည် စစ်အာဏာရှင်တို့၏ နည်းလမ်းပေါင်းစုံဖြင့် ပိုမိုဖိနှိပ်လာခြင်းကို ခံနေရသည့်သတင်းများ နေ့စဉ်နားမဆံ့အောင်ပင် ကြား သိနေရကြောင်း၊ “ဖိနှိပ်မှုရှိလျှင် တော်လှန်မှုရှိသည်” ဆိုသည့် တော်လှန်ရေး၏ နိယာမတရား အတိုင်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူ လူထုများ တော်လှန်သောလမ်းစအသီးသီးကို ရှာကြံ နေကြသည်ကိုလည်း ကြားသိနေရကြောင်း SSPP/SSA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

စစ်ကောင်စီနှင့် ဆွေးနွေးမှုများ မထိရောက်ခဲ့သဖြင့် ယခုလို အခြေအနေထိ ဖြစ်လာကြောင်း SSPP/SSA၏ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုပြော

You may have missed