ဖေဖော်ဝါရီ ၂၃၊ VOR
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့မှ နိုင်ဇေယျ ဦးဆောင်သည့် အဖွဲ့တို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အရေးပေါ်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့တို့ကြား တော်လှန်ရေး လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်သွားရန် မဟာမိတ်ဖွဲ့စည်းရေး သဘောတူညီချက်ရခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)က အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုခေါင်းဆောင် – ၁ နိုင်ဗညားလယ်၊ ဒုအဖွဲ့ခေါင်း ဆောင် ၂- ဗိုလ်ချုပ် လယိဂကောင်း နဲ့ မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်၊ အမျိုးသားညီညွတ်ရေးအစိုးရဘက်က မဟာမိတ်ဆက်ဆံရေးအဖွဲ့တာဝန်ခံ၊ နိုင်ငံခြားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
“အာဏာရှင်စနစ်ကို လျင်လျင်မြန်မြန်ဖြိုချပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာဖြစ်တယ် ဆိုတဲ့အချက်ကို အားလုံးသဘောတူခဲ့ကြတယ်” ဟု RFA နှင့် မေးမြန်းခန်းတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်များ အပြီးတိုင် တိုက်ဖျက်နိုင်ရေးအပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ခိုင်မာသည့် မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်