Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
April 8, 2026

ဇော်ကျွဲလုံး(ခ)စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းသတင်းထူး

ဇော်ကျွဲလုံး(ခ)စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းသတင်းထူး

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် အရာရှိအကောင်ကြီးများလိုက်ပါလာသည့် ယာဉ်တန်းကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ မိုင်းဆွဲရာ အကောင်ကြီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်ခံရသောအဖွဲ့တွင် စစ်ကောင်စီအတွက် သတင်းထုတ်ပြန်နေသော ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုခေါင်းဆောင်ဖြစ်သူ ဇော်မင်းထွန်းပါဝင်သည်ဟု သတင်းထွက်ပေါ်သော်လည်း အတည်မပြုနိုင်သောသတင်းအဖြစ်သာ ရှိသေးသည်။ စစ်ကိုင်းမြို့တိုင်းရင်းသားဒီဂရီကောလိပ်မှ ပြန်လာသည့် အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီရဲ့စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးတို့ ပါဝင်သည်ဟု People Spring က ရေးသားဖော်ပြထားသည်။ အကောင်ကြီးများသာစီးသော မာစီးဒီးကားတစီးကိုလည်း မိုင်းထိမှန်ပျက်စီးသွား၍ လမ်းပေါ်တွင် ထားရစ်ထားသည်ကို သတင်းဓာတ်ပုံများတွင် တွေ့ရသည်။ အခုလို စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး​နောက် မန္တ​လေး-မုံရွာကားလမ်းရှိ အဆိုပါလမ်းပိုင်းကို အရေးပေါ် ပိတ်ထားသည်ဟု သိရပြီး ကားများလှည့်ပြန်​နေရ​ကြောင်း ဒေသတွင်းကားသမားများထံမှ သိရသည်။

ဇော်ကျွဲလုံး(ခ)စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းသတင်းထူး

You may have missed