ဖေဖော်ဝါရီ ၂၃၊ VOR
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ က တောင်ကြီးလေးမိုင်ဂိတ်နှင့် လွိုင်လင် အဝင်အထွက်များကို ပိတ်ဆို့ထားသည့်အတွက် ကုန်ကားနှင့် ခရီးသွားကားတွေ ရာ ချီပိတ်မိနေကြောင်း ဒေသခံများထံက သိရသည်။
ဖေဖော်ဝါရီ ၂၁ရက်တွင် မိုင်းပွန်မြို့အနီး လွိုင်လင်ဘက်အထွက် ကျေးရွာများတွင် SSPP တပ်များနှင့် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များအကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
မိုင်းပွန်မြို့တွင်း တိုက်ပွဲများကြောင့် တောင်ကြီး- ဟိုပုန်း- မိုင်းပွန်-လွိုင်လင်လမ်းမကြီးအား မိုင်းပွန်မြို့နယ်တွင် ယာယီပိတ်ဆို့ထားကြောင်း သိရသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ