ဖေဖော်ဝါရီ ၂၂၊ VOR
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းမပေါ်တွင် အင်အားဖြည့်တင်းရန် လာရောက်ခဲ့သည့် စစ်ကား ၁၇ စီးပါ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်မှ ၂၅ ဦးထက်မနည်း သေဆုံးကာ စစ်ကား ၇ စီး မီးလောင်ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် စစ်ကောင်စီ အင်အား ၃၀၀ ခန့်သည် ထားဝယ်မြို့မှ ကျောက်မဲတောင် စစ်ကောင်စခန်းကို ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းရန်လာရောက်ခဲ့သည့် ကား ၁၇ စီးပါ ယာဥ်တန်းကို KNLA တပ်မဟာ (၄)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကား(၇)စီး မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်း သေဆုံးနေသည်ကို ရုပ်သံမှတ်တမ်းများအရ သိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက ထားဝယ်မြို့ကနေ စတင်ထွက်ခွာလာရာ ထားဝယ်-ထီးခီးလမ်းမပေါ်တွင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
လက်နက်မျိုးစုံ ၃၀ ထက်မနည်း သိမ်းဆည်းရမိခဲ့ပြီး လမ်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ တနေကုန် ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ MI 2 စစ်ရယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားသည့် ဝကုန်း ကျေးရွာအနီးတစ်ဝိုက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် အနီးနားရှိပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်ကောင်စီယာဥ်တန်းပါ ကားအချို့မှဦ ကျောက်မဲတောင်နယ်မြေရဲစခန်းသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။



More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ